Saturday, June 8, 2024

“လက်နက်ကိုင်ထားသူအချင်းချင်း တိုက်လို့မနိုင်လို့ လက်နက်မဲ့ပြည်သူကို ဗုံး...


“လက်နက်ကိုင်ထားသူအချင်းချင်း တိုက်လို့မနိုင်လို့ လက်နက်မဲ့ပြည်သူကို ဗုံးကြဲတယ်ဆိုတာကတော့...”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၈- ၆- ၂၀၂၄)

“လက်နက်ကိုင်ထားသူအချင်းချင်း တိုက်လို့မနိုင်လို့ လက်နက်မဲ့ပြည်သူကို ဗုံးကြဲတယ်၊ ပစ်ခတ်တယ်ဆိုတာကတော့ ပရိုဖက်ရှင်နယ် စစ်သားတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ လုပ်ရပ်သာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ရာဇာဝတ်ဂိုဏ်းဖြစ်နေပြီ” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ မင်္ဂလာပွဲတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အပေါ် နိုင်ငံတကာဥပေဒနဲ့ညီမညီ၊ နိုင်ငံတကာ တန်းဝင်တဲ့ စစ်တပ်တခု ဟုတ်သေးရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆေးရုံ၊ စာသင်ကျောင်း၊ မင်္ဂလာပွဲ စတဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတာဟာ စစ်ကောင်စီက နိုင်ငံတကာဥပဒေကို နားမလည်လို့လား...

- ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးဖက်က အောင်ပွဲရယူနိုင်မှုှနှုန်း ကျဆင်းသွားတယ်ဆိုတဲ့ ဝေဖန်ချက်တွေက မြေပြင်အခြေအနေကို ဘယ်လောက်ထင်ဟပ်သလဲ...

- နွေဦးတော်လှန်ရေး “Tipping Point ကနေ End Point” ရောက်ဖို့ ဘာတွေ လိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More