Wednesday, June 5, 2024

KNLA တပ်မဟာ(၅)နယ်မြေက စစ်ကောင်စီ ခန်း ၅ ခု ပြန်ရုပ်သိမ်း... ချင်းနဲ့ ရခိ...


KNLA တပ်မဟာ(၅)နယ်မြေက စစ်ကောင်စီ ခန်း ၅ ခု ပြန်ရုပ်သိမ်း... ချင်းနဲ့ ရခိုင်ဖက်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ...  နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၆- ၆- ၂၀၂၄)

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ KNLA တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီက
တပ်စခန်း ၅ ခု ပြန်ရုပ်သိမ်းသွားတယ်လို့  မူတြော်သတင်းစဉ်က ဖေါ်ပြပါတယ်။

မေလအတွက် လချုပ်အစီရင်ခံစာအတွင်း အဲဒီလိုဖေါ်ပြထားတာပါ။ အဲဒီ စခန်း ၅
ခုကတော့ ခမရ-၄၃၄ အခြေချတပ်စွဲထားတဲ့ ကျောက်ညှပ်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီးကျိုးစခန်းတွေနဲ့ ခလရ(၁၉) အခြေချ လယ်တိုးစခန်းနဲ့ ခမရ-၃၄၁ နတ်တောင်-မောဖိုးကျိုး စခန်းတွေဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

မေလအတွင်း တိုက်ပွဲ (၁၀၇) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၆၀)ဝန်းကျင်ခန့် ထိခိုက်သေဆုံးပြီး KNLA နဲ့ မဟာမိတ်တွေဖက်က အနည်းငယ်သာဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

KNLA နဲ့ မဟာမိတ်တွေဖက်က ဖာပွန်မြို့ကို ထိန်းချုပ်ထားပြီး လက်ကျန် တပ်ရင်း ၂ ခုနဲ့ ဗျုဟာကုန်းကို သိမ်းပိုက်နိုင်ရေး ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ ထွေ-အုပ်ရုံးနဲ့ ရဲစခန်း အပါအဝင် အရေးကြီးနေရာတွေကို တော်လှန်ရေးတပ်တွေက ၃ ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်...

- မကွေးတိုင်း၊ ပခုက္ကူမြို့  တပ်မ (၁၀၁) က ထွက်ခွာလာတဲ့ အင်အား ၁၅၀ ပါ စစ်ကား ၁၃ စီးကို တော်လှန်ရေးတပ်တွက ကြာဖြတ်တိုက်ခိုက်...

- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁- ဘက်ခြမ်းရှိ ကျေးရွာတရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့အတွက် အရပ်သား တဦးသေ၊ ၃ ဦးဒဏ်ရာရ...

- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးသွားပြီး ၁၀ ဦးခန့်ဒဏ်ရာပြင်းထန်စွာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More