Tuesday, June 18, 2024

“တိုက်ပွဲနည်းပြီး သင်တန်းများနေခြင်းက မကြာခင်မှာ အင်နဲ့အားနဲ့ ချမယ်ဆိုတဲ...


“တိုက်ပွဲနည်းပြီး သင်တန်းများနေခြင်းက မကြာခင်မှာ အင်နဲ့အားနဲ့ ချမယ်ဆိုတဲ့သဘောပါပဲ” 

- မာဝီ (ဒု စစ်ဦးစီးချုပ် - KNDF)

(၁၈- ၆- ၂၀၂၄)

“အခု လပိုင်းအတွင်း ကရင်နီဒေသမှာ တိုက်ပွဲနည်းပြီး သင်တန်းတွေများနေခြင်းက မကြာခင်မှာ အင်နဲ့အားနဲ့ ချမယ်ဆိုတဲ့သဘောဖြစ်တယ်။ ၁၁၁၁ စစ်ဆင်ရေးရဲ့ ဒုတိယ အဆင့်ကို မကြာခင် စတင်မှာဖြစ်တယ်” လို့ KNDF (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်

ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဖက်က အနေအထား၊ တည်ဆောက်ရေးနဲ့ တိုက်ခိုက်ရေးကို ဘယ်လိုဟန်ချက်ညီလုပ်ဆောင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ၁၁၁၁ စစ်ဆင်ရေး ၆ လတာအတွင်း ဘယ်လောက်အထိ အောင်မြင်မှု ရနေပြီလဲ...

- ၁၀၂၇ စစ်ဆင်ရေး ရပ်နားလိုက်ခြင်းက အခြားဒေသတွေဆီ ဘယ်လို ရိုက်ခတ်မှု ရှိစေခဲ့သလဲ...

- တည်ဆောက်ရေးနဲ့ တိုက်ခိုက်ရေးကို ဘယ်လို ဟန်ချက်ညီ ဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ERO ဒေသအပြင် တနိုင်ငံလုံး စစ်ရေးလှုပ်ရှားမှု ဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More