Monday, June 10, 2024

TNLA စခန်းကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက် ... နောက်ဆုံးရတိုက်ပွ...


TNLA စခန်းကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက် ... နောက်ဆုံးရ
တိုက်ပွဲသတင်းများ

(၁၁- ၆- ၂၀၂၄)

ရှမ်းမြောက်ဒေသ မိုးမိတ်မြို့နယ်ရှိ TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အခြေစိုက်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်တဲ့အတွက် တအောင်း စစ်သည် ၃ ဦး
ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက်၊ ညနေ ၄ နာရီခွဲခန့်မှာ မိုးမိတ်မြို့နယ် ပန်တင်ရွာနဲ့ မန်ပိန်းရွာအကြားရှိ (TNLA) တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာလို့ဆိုပါတယ်။ တခါ ညနေ ၅ နာရီခန့်မှာ ဂျက်ဖိုက်တာက ပေါင် (၅၀၀)ဗုံး တလုံး ထပ်မံကြဲချခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် TNLA ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့
ဓာတ်ပုံတွေကိုလည်း ဖေါ်ပြထားပါတယ်။ ဒါဟာ စစ်ကောင်စီဖက်က
အပစ်ရပ်သဘောတူချက်ကို ဖောက်ဖျက်ပြီး တမင် ရည်ရွယ်ချက်ရှိရှိ
တိုက်ခိုက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်မြို့မှာ စစ်ကောင်စီစစ်ကြောင်းကို KIA -
ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်...

- ချင်းပြည်နယ်၊ တီးတိန်-တွန်းဇံ လမ်းပေါ်ရှိ ဇလွေး ချောင်းကူးတံတားကို
စစ်ကောင်စီတပ်က ဗုံးခွဲဖျက်ဆီး...

- ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရေနံ-သဘာဝဓါတ်ငွေ့ ဖြန့်ဝေရေးရုံးက
ရဲတပ်သားတစ်ဦး လက်နက်ငယ်တလက်နဲ့အတူ ပြည်သူ့ထံ ခိုလှုံလာတယ်လို့
ပခုက္ကူမြို့နယ် ပကဖ က သတင်းထုတ်ပြန်...

- AA - အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့်
ဘူးသီးတောင်-မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားတဲ့
စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃၄) ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့...

- PDF တောင်ပိုင်းတိုင်း၊ စစ်ဒေသခွဲ (၃)က ကျင်းပတဲ့ အပတ်စဉ် (၇)
ဒရုန်းသင်တန်းဆင်းပွဲကို  မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက
သင်တန်းသူ/သား (၄၀) ခန့် တက်ရောက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More