“စစ်ကောင်စီ အပြတ်ရှင်းရေးကို အရင်လုပ်ပါ၊ အခုချိန်မှာ နယ်မြေကိစ္စဆွေးနွေးရင် ညီညွတ်ရေး ထိခိုက်နိုင်တယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၇- ၆- ၂၀၂၄)
“စစ်ကောင်စီကို အပြတ်ရှင်းပြီးမှ ဒီကိစ္စတွေကို ဆွေးနွေးသင့်တယ်။ အခုချိန်မှာ နယ်မြေကိစ္စ ဆွေးနွေးမယ်ဆိုရင် ညီညွတ်ရေးကိုထိခိုက်စေပြီး တော်လှန်ရေးအကျိုးစီးပွားကိုပါ ထိခိုက်နိင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။
လွတ်မြောက်နယ်မြေအသစ်တွေပေါ်လာပြီးတဲ့နောက် ရှမ်းပြည်နယ်အပါဝင် နေရာအတော်များများမှာ တော်လှန်ရေးတပ်တွေအချင်းချင်းကြား နယ်မြေအငြင်းပွားမှု ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား နယ်မြေသစ်တွေကိစ္စ ဘယ်လိုညှိနိုင်းဆောင်ရွက်သင့်သလဲ...
- နေပြည်တော်ကို မသိမ်းနိုင်သေးသရွေ့ စစ်ကောင်စီ ပြုတ်ပြီလို့ မဆိုနိုင်...
- စစ်ကောင်စီ ပြန်ပြီး နလန်မထူနိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ...
... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(မနက်ဖန်မှာတော့ KNDF ဒုတိယ စစ်ဦးစီးချုပ်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment