Sunday, June 9, 2024

”ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ တိုင်း...


”ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ တိုင်းပြည်အုပ်ချုပ်လို့မရဘူး”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၉ - ၆- ၂၀၂၄)

”ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ တိုင်းပြည်အုပ်ချုပ်လို့မရဘူး ဆိုတာကို ဒီစစ်ဗိုလ်တွေ အခုထိ သဘောမပေါက်သေးတာ အတော်ခက်တယ်”  လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

အမိန့်ပေး စီးပွားရေးမူဝါဒ၊ သေနတ်နဲ့တေ့ပြီး ကုန်းဈေးနှုန်းကျအောင်လုပ်မယ်ဆို အတွေးအခေါ်၊ ဒေါ်လာပွဲစား၊ ရွှေပွဲစားတွေကို လိုက်ဖမ်းနေတဲ့ အခြေအနေတွေအပေါ် စီးပွားရေးပညာရှင်တဦးအနေနဲ့ ဘယ်လိုမြင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- လူတွေကို ဖမ်းလိုက်ရုံနဲ့ ဒေါ်လာဈေး၊ ရွှေဈေးတွေ ပြန်ကျမယ်လို့ စစ်ကောင်စီဥက္ကဌက ယုံကြည်နေသလား...

- ဒေါ်လာ လဲနှုန်း ၅ မျိုးအထိ ရှိနေတယ်ဆိုတာ ဘာတွေလဲ...

- စကစ ဥက္ကဌ သား-သမီးတွေ ထိုင်းမှာ တိုက်ခန်းဝယ်စဉ်က ဝယ်ခွင့်ရပြီး အခြားလူတွေဝယ်မှ လိုက်ဖမ်းနေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မြန်မာ့စီးပွားရေး တစုံတရာတိုးတက်လာအောင် အကြံပြုချက် ဘာတွေရှိသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More