Tuesday, June 4, 2024

“သစ်ပင်စိုက်ဖို့အပြင် သစ်ပင်ထိန်းဖို့လည်း လိုအပ်ပါတယ်”


“သစ်ပင်စိုက်ဖို့အပြင် သစ်ပင်ထိန်းဖို့လည်း လိုအပ်ပါတယ်”

 ဦးဝင်းမျိုးသူ (သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၅- ၅- ၂၀၂၄)

“သဘာဝပတ်ဝန်းကျင်နေ့မှာ တာဝန်ကျေ သစ်ပင်တွေစိုက်ကြတာအပြင် အဲဒီသစ်ပင်တွေ ရေရှည်ရှင်သန်နိုင်အောင် ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ စိုက်သမျှသစ်ပင်တွေ အကုန်ရှင်ရင် မြန်မာပြည်မှာသစ်တောဧရိယာ တိုးလာတာမြင်ရမှာပေါ့” လို့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒီနေ့ (ဇွန် ၅) ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ဘာတွေဆောင်ရွက်သင့်သလဲ၊ နေပြည်တော်က သစ်ပင်စိုက်ပွဲ အလုပ်ဖြစ်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- နေပြည်တော်က သစ်ပင်စိုက်ပွဲ ဘယ်လောက်အထိ အလုပ်ဖြစ်နေသလဲ...

- နိုင်ငံအဆင့်က မလုပ်နိုင်ရင် နိုင်ငံသားတဦးချင်းစီကကော ဘာတွေ လုပ်နိုင်ခြေရှိသလဲ...

- ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ အညာကမြို့တွေ ပါဝင်နေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတဲ့အပေါ် သဘာဝပတ်ဝန်းကျင်ရှု့ဒေါင့်ကနေ ဘယ်လိုမြင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖြန် ထုတ်လွင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More