သံတွဲနဲ့ ငပလီမှာ တိုက်ပွဲပြင်းထန်... အင်းတော်ကြီးဝန်းကျင်က စစ်ကောင်စီစခန်း ၃ ခု KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၂၅- ၆ -၂၀၂၄)
ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ငပလီမြို့တွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြို့ခံလူထု အတော်များများ မြို့ကို စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဒေသတွင်း မီဒီယာ Western News က ဖေါ်ပြပါတယ်။
ငပလီမြို့ထဲက သံတွဲလေဆိပ်နဲ့ လေဆိပ်လုံခြုံရေး ခမရ (၅၆၆) တပ်ရင်းဌာနချုပ်တွေကို AA -အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်နေပေမယ့် AA ဖက်က အတည်ပြုပြောဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီဖက်ကတော့ လေဆိပ်မကျစေရေးအတွက် ကြည်း၊ ရေ၊ လေ သုံးခုစလုံးနဲ့ အသည်းအသန်ခုခံနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ သံတွဲလေဆိပ်ကျသွားရင် ဒါဟာ လွတ်မြောက်ဒေသအတွက် ပထမ ဆုံးလေဆိပ် ဖြစ်လာနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA - နဲ့ မဟာမိတ်တွေက တိုက်ခိုက်သိမ်းယူ...
- ရှမ်းမြောက် အပစ်ရပ်ဒေသတွင်းရှိ ကျောက်မဲ၊ နောင်ချိုု၊ မိုးကုတ်မြိုန့ယ်က TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုုပ် ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်...
- ချောင်းဦးမြို့နယ်၊ မြပုလဲ-ဆီဆိုင်ဂိတ်ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက မိုင်းထပ်ဆွဲတဲ့အတွက် စစ်သား ၂ ဦး သေဆုံး...
- တနသာၤရီမြစ်ဘေးက အောင်သာဝရ- စစ်ကောင်စီစခန်းကို သိမ်းပြီးပြန်လာတဲ့ ရှေ့တန်းပြန် တော်လှန်ရေးရဲဘော်တွေကို ဒေသခံလူထုက ဂုဏ်ပြုကြိုဆို...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment