Thursday, June 13, 2024

လားရှိုးမြို့အဝင် ကားလမ်းကို စစ်တပ်က မြေတူးစက်တွေနဲ့ တူးဖြိုလမ်းပိတ်... ...


လားရှိုးမြို့အဝင် ကားလမ်းကို စစ်တပ်က မြေတူးစက်တွေနဲ့ တူးဖြိုလမ်းပိတ်... ကန်ပိုင်တည်မှာ တိုက်ပွဲမဖြစ်ရေး ဆွေးနွေး ...  နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၄- ၆- ၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်-ကန်ပိုင်တည် လမ်းပေါ်ရှိ ဆဒုံးမြို့နဲ့ ဗျူဟာစခန်း အားလုံးကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် တရုတ်နယ်စပ်ရှိ ကန်ပိုင်တည် ကုန်သွယ်ရေးမြို့မှာ တိုက်ပွဲမဖြစ်စေရေးအတွက် ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေကြတယ်လို့ KNG (Kachin News Group) က ဖော်ပြပါတယ်။

ဒေသခံ ပြည်သူ့စစ်နဲ့ နယ်ခြာစောင့်တပ်တွေက KIA ကို အဲဒီလို တောင်းဆိုနေတာဖြစ်ပြီး ဒီညှိနှိုင်းမှုမှာ တရုတ်နယ်စပ် အာဏာပိုင်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ 

လွယ်ဂျယ်မြို့ကို တိုက်ပွဲမဖြစ်ဘဲ သိမ်းပိုက်ခဲ့သလိုမျိုး KIA က ထပ်သိမ်းနိုင်မှာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒီတောအတွင်း တနေ့က သိမ်းလိုက်တဲ့ ဆဒုံးမြို့ ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းများစွာ သိမ်းမိတဲ့ ဗီဒီယို မှတ်တမ်းတခု ထွက်လာတာကိုလည်း တွေ့ရပါတယ်။ 

နောက်ဆုံးဝင်လာတဲ့သတင်းတွေအရ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ ဝူယန်ပြည်သူ့စစ်စခန်းကို KIA နဲ့ ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်‌နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူပေးနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးမြိုထဲ မြောက်ပိုင်းညီနောင်အဖွဲ့တွေ ဝင်လာမှာစိုးတဲ့အတွက် လားရှိုး-မိုင်းယော် ကားလမ်းမကို စစ်ကောင်စီတပ်က မြေတူးစက်တွေနဲ့ တူးဖြိုပြီး လမ်းကြောင်းပိတ်ဆို့မှုလုပ်နေ...

- မုံရွာမြို့ နမခ အနီးရှိ ကာကင်းစခန်းကို ဝင်ရောက်သိမ်းပိုက်တဲ့ ဒေသခံ တော်လှန်ရေးတပ် ပကဖ တပ်ဖွဲ့ဝင်တွေကို ဒေသခံလူထုက အခမ်းအနားနဲ့ ကြိုဆို...

- ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စကစ ဘက်က ကျဆုံးမှုများ...

- တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦး ဒဏ်ရာရပြီး လူနေအိမ်အချို့ပျက်စီး...

- PDF- ရန်ကုန်တိုင်း စစ်ဌာန၊ တပ်ရင်း ၅၁၀၁ ရဲ့ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More