Tuesday, June 18, 2024

မတူပီ ခမရ (၃၀၄) ကို ချင်းညီနောင် သိမ်းပိုက် ... NMSP-AD-က စစ်သင်တန်းဆင်း...


မတူပီ ခမရ (၃၀၄) ကို ချင်းညီနောင် သိမ်းပိုက် ... NMSP-AD-က စစ်သင်တန်းဆင်း... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၉ -၆- ၂၀၂၄)

ချင်းပြည်နယ်၊ မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခမရ (၃၀၄) ဌာနချုပ်ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က BNN ကိုပြောပါတယ်။

ဇွန် ၉ မှာ ဒီစစ်ဆင်ရေးကိုစတင်ပြီး ဇွန် ၁၇ မှာ ခမရ (၃၀၄) ကို သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ ဟောင်ဝစ်ဇာ အမြောက်တွေ အပါအဝင် လက်နက်ကြီးငယ် အများအပြား သိမ်းဆည်းရမိတာကိုလည်း ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒီစစ်ဆင်ရေးမှာ ချင်းညီနောင်တပ်တွေနဲ့ အတူ AA (အာရက္ခတပ်တော်)၊ Yaw Army နဲ့ အခြားမဟာမိတ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

မတူပီမှာ ကျန်နေသေးတဲ့ ခလရ (၁၄၀) နဲ့ စစ် ဗျူဟာတခုကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ဒ့ါအပြင်...

- တောင်ကုတ်မြို့နယ်၊ ကံဆိပ် ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံး...

- မြစ်ကြီးနားမြို့အဝင်လမ်း တနေရာကို စစ်ကောင်စီက မြေတူးစက်နဲ့ တူးဖြိုပြီး လမ်းပိတ်ဆို့ထား...

- NMSP-AD- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More