Wednesday, June 19, 2024

စုကလိစခန်းကို KNLA သိမ်းပိုက် ... TNLA စခန်းကို စစ်တပ်က ဗုံးကြဲ... နောက်...


စုကလိစခန်းကို KNLA သိမ်းပိုက် ... TNLA စခန်းကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၂၀- ၆- ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ KNLA တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆင်ရေးခြေကုတ်စခန်း စုကလိ ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ SOG (Special Operation Group) က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၅၀ ခန့်ရှိတဲ့ အဲဒီစခန်းကို ဇွန် ၁၇၊ မနက် ၇ နာရီမှာ SOG နဲ့ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး ၈ နာရီခန့်မှာ စစ်ကောင်စီတပ်သားအချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေကို စာရင်းလုပ်နေဆဲဖြစ်ပြီး SOG ဘက်ကတော့ ရဲဘော် ၇ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

စုကလိ စခန်းက အင်အား ၅၀ ခန့်ရှိ ဒီတပ်ဖွဲ့ကို တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ချဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လက်မခံတာကြောင့် အခုလို ဝင်တိုက်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ်နဲ့ တင်္သာရီနယ်စပ်ရှိ ကလိန်အောင် မြိုနယ်ထဲက ရာဖူး ကျေးရွာ အနောက်ဘက် ကလယ်ရွာ ပတ်ဝန်းကျင်မှာ ဇွန် ၁၉ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ...

- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ်စခန်းအနီး စစ်ကောင်စီတပ်နဲ့ AA (အာရက္ခတပ်တော်) ဇွန် ၁၇ ရက်မှာ တိုက်ပွဲဖြစ်...

- ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်ရှိ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) အခြေစိုက်စခန်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် TNLA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ မြောက်ပိုင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်...

- မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တာအိုဂိတ်ကနေ ထွက်လာတဲ့ စစ်သားတဦးကို ဒေသခံ PDF တွေက လက်ရဖမ်းဖို့ ကြိုးစားစဉ် လက်နက်ပစ်ချ ထွက်ပြေးသွားတဲ့အတွက် လက်နက်ငယ်တလက် သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More