Friday, June 7, 2024

မောင်တော်မြိုနယ်က စစ်ကောင်စီစခန်း ၆ ခု AA သိမ်းပိုက်... နောက်ဆုံးရ တိုက...


မောင်တော်မြိုနယ်က စစ်ကောင်စီစခန်း ၆ ခု AA သိမ်းပိုက်...  နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၈- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အရေးကြီး စစ်တပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်း ၆ ခုကို ဇွန်လ ပထမ သီတင်းပတ်အတွင်း သိမ်းပိုက်လိုက်တယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစခန်းတွေကတော့ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့မဟုတ်) “နခခ (၆) စခန်း”၊ နခခ (၉) စခန်း တို့ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ အနောက်မြောက်ဘက် (၃) ကီလိုအကွာ ဂေါ့တ် (Gawt) တောင်တန်းအနီး ဇွန်လ (၂/၃)  ရက်နေ့တွေမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်တွေနဲ့ အသည်းအသန်ခုခံနေခဲ့ပေမယ့် နောက်ဆုံးမှာ ထွက်ပြေးသွားတယ်လို့ ဖေါ်ပြပါတယ်။

အခု တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်းရဲ့ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနဲ့ (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမ်းမြို့နယ်က စစ်ကောင်စီရဲ့ တောဟိန်းတောင်စခန်းကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေး AA စစ်ရှိန်မြှင့်နေတယ်လို့လည်းဖေါ်ပြပါတယ်။ ဇွန်လ ပထမ သီတင်းပတ်အတွင်း ဒီ ၃ မြို့နယ်မှာ စစ်ကောင်စီဖက်က ထိခိုက်-ကျဆုံး-ဖမ်းမိ (၄၀၀) အထက်ရှိတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်က ဗျိုင်းဖြူရွာသားတွေ သတ်ဖြတ်မှုကို ချက်ချင်းရပ်တန့်ရန် AA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA  တို့က စစ်ကောင်စီကို သတိပေးချက်ထုတ်ပြန်...

- မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ကချင်လွတ်လပ်ရေးတပ်တို့အကြား တိုက်ပွဲပြန်...

- ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်အတွင်းရှိ စစ်ကောင်စီစခန်းတွေ၊ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွကတိုက်ခိုက်တဲ့အတွက် လက်နက်မျိုးစုံ (၃၉) လက်သိမ်းမိ...

- ခလရ (၁၀၆)က တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံ လက်နက်နဲ့အတူ လာရောက်ပူူးပေါင်း...

- PDF ရှမ်းတောင်နဲ့ PDF -Zoland တို့က လူသစ်သင်တန်းဆင်းပွဲတွေ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More