Tuesday, June 6, 2023

“ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးကို ကျနော်တို့ဖက်က ပြင်ဆင်လာပြီဆိုကတည်းက စစ်...



“ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးကို ကျနော်တို့ဖက်က ပြင်ဆင်လာပြီဆိုကတည်းက စစ်ကောင်စီသည် ခံစစ်လုံးလုံးရောက်သွားပြီ“

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၆ - ၆- ၂၀၂၃)

“တော်လှန်ရေးတပ်တွေဖက်က ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးအတွက် ဆွေးနွေးနေပြီ၊ ပြင်ဆင်နေပြီဆိုကတည်းက စစ်ကောင်စီသည် ခံစစ်လုံးလုံးရောက်သွားပြီ။ ဒီထိုးစစ်ကို ဒေသဆိုင်ရာအဆင့်ကနေ တနိုင်ငံလုံး ဟန်ချက်ညီဖြစ်လာအောင် NUG က ဆောင်ရွက်ပေးဖို့ လိုတယ်” လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန် ကပြောပါတယ်။

မင်းတပ် CDF က နှိုးဆော်နေတဲ့ “အားယူထပျံ- အောက်ချင်းအားမာန်” ကမ်းပိန်းအခြေအနေ၊ ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် တကယ်ဆောင်ရွက်နိုင်မလား၊ ထိုးစစ်အတွက် တနိုင်ငံလုံးဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- “အားယူထပျံ- အောက်ချင်းအားမာန်” ကမ်းပိန်းက ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် ဘယ်လိုအရေးကြီးသလဲ...

- စစ်ကောင်စီပြိုလဲဖို့ နည်းနည်းလေးပဲ လိုတော့တယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ....

- ချင်းပြည်နယ်၊ ယောနယ်နဲ့ အညာဒေသအပါဝင် တနိုင်ငံလုံး ဟန်ချက်ညီ ထိုးစစ်ဖေါ်နိုင်အောင် NUG က ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More