Thursday, June 1, 2023

“အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့၊ ဒီလို အရေ...



“အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့၊ ဒီလို အရေးပေါ်ကိစ္စတွေကို အမြန်ဆောင်ရွက်ပေးဖို့လိုနေပါတယ်”

- ဦးဇော်ဇော်ထွန်း (သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - ACRO)

(၁- ၆- ၂၀၂၃)

“အင်အားပြင်း မိုခါမုန်တိုင်း တိုက်ခတ်ခဲ့တာ သီတင်းနှစ်ပတ်ကျော် ကြာလာတဲ့အထိ နိုင်ငံတကာအကူအညီက ကျေးလက်ဒေသဆီမရောက်သေးဘူး။ ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့ စတဲ့ အခြေခံ အရေးပေါ်ကိစ္စတွေကို တာဝန်ရှိသူအားလုံးက အမြန်ဆောင်ရွက်ပေးဖို့လိုနေတယ်” လို့ စစ်တွေအခြေစိုက် ဒေသခံလူထု သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - (ACRO) စီမံကိန်း ဒါရိုက်တာ ဦးဇော်ဇော်ထွန်း ကပြောပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံရပြီး သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ နိုင်ငံတကာအကူအညီတွေ ကျေးလက်ဒေသဆီ မရောက်သေးတဲ့အခြေအနေ၊ ပြန်လည်ထူထောင်ရေးကို ခနထားဦး- အမိုးအကာ၊ အစားအစာနဲ့ သောက်ရေကိုတောင် အဆင်ပြေအောင် မစီစဉ်ပေးနိုင်သေးတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နိုင်ငံတကာအကူအညီတွေ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီရောက်ဖို့ ဘာကြောင့်နှေးကွေးနေသလဲ...

- နာဂစ်အလွန်ကာလနဲ့ မိုခါအလွန်ကာလ ဘာတွေတူပြီး ဘာတွေကွာခြားသလဲ...

- လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ အခြေခံစီးပွားရေးလုပ်ငန်းတွေ ဘယ်လောက်အထိ ပျက်စီးသွားသလဲ....

- ပြန်လည်ထူထောင်ရေးကို ခနထားဦး- အမိုးအကာ၊ အစားအစာနဲ့ သောက်ရေကိုတောင် အဆင်ပြေအောင် စီစဉ်မပေးနိုင်သေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More