Saturday, June 17, 2023

“အရေအတွက်၊ အရည်အချင်းနဲ့ စိတ်ဓတ်ပါကျဆင်းနေတဲ့ ဒီစစ်တပ်ဟာ မလွယ်တော့ပါဘူး”


“အရေအတွက်၊ အရည်အချင်းနဲ့ စိတ်ဓတ်ပါကျဆင်းနေတဲ့ ဒီစစ်တပ်ဟာ မလွယ်တော့ပါဘူး”

- ဦးသန်းစိုးနိုင် (စစ်ရေး-နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ)

(၁၇- ၆- ၂၀၂၃)

“နွေဦးတော်လှန်ရေးကာလအတွင်း အကျအဆုံးနဲ့ ထွက်ပြေးများလှတဲ့ ဒီနေ့ မြန်မာစစ်တပ်ဟာ တိုက်ရည်ခိုက်ရည်ကျဆင်းနေပြီး စိတ်ဓတ်ပါကျဆင်းနေတဲ့အတွက် အရင်လို ဆက်ထိန်းထားဖို့မလွယ်တော့ဘူး” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

မြန်မာ့တပ်မတော်အင်အား အရင်လို ၂ သိန်းကျော်မရှိတော့ဘူး၊ တသိန်းဝန်းကျင်ပဲကျန်တယ်၊ ကြည်းတပ်အားနည်းသွားလို့ လေတပ်ကိုအဓိက အားထားလာနေရတယ်... စသဖြင့် နိုင်ငံတကာဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်အင်အား ၃ သောင်းခန့် လျော့သွားတာ ဘာကြောင့်လဲ...

- လေတပ်ကိုအဓိက အားထားလာတာဟာ ကြည်းတပ်အင်အား ကျဆင်းသွားလို့လား...

- စစ်တပ်က တပ်သားသစ်စုတဲ့နေရာက လူငယ်တွေ စစ်တပ်ထဲမဝင်ပဲ PDF ထဲ ဝင်ကုန်တာ ဘာကြောင့်လဲ...

- တပ်သားသစ်စုမရတဲ့နေရာမှာ ပြည်သူစစ်နဲ့ ပျုစောထီးကို အစားထိုးပြီး လက်နက်တပ်ဆင်ပေးထားရင် အလုပ်ဖြစ်နိုင်သေးလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ အတွင်း ထိုးစစ်ဆင်မယ်လို့ပြောထားတဲ့ NUG ရဲ့ပြောဆိုချက်ဟာ လက်ကျန် ၆ လအတွင်း ဘယ်လိုဖြစ်လာနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More