Friday, June 30, 2023

“စစ်ကောင်စီရဲ့အားကို ဖြိုချပြီး တော်လှန်ရေးတပ်တွေရဲ့ အားကို တိုးချဲ့နိုင...



“စစ်ကောင်စီရဲ့အားကို ဖြိုချပြီး တော်လှန်ရေးတပ်တွေရဲ့ အားကို တိုးချဲ့နိုင်ဖို့ မျှော်လင့်ပါတယ်”

- ပဒိုစောကလယ်စေး -(ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၃၀ - ၆ - ၂၀၂၃)

“စစ်ကောင်စီ တပ်အင်အားကို တဖြေးဖြေးဖြိုချပြီး တော်လှန်ရေးတပ်တွေရဲ့ အင်အားနဲ့ စိုးမိုးနယ်မြေ၊ စိုးမိုးနိုင်မှုကို တိုးချဲ့သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ တော်လှန်ရေးတပ်ဖွဲတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာနေပြီဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

မယ်စဲ့ဒေသက တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ERO ဒေသနဲ့ အညာစစ်မျက်နှာက PDF ရဲဘော်တွေ ဆက်စပ်ဆောင်ရွက်နိုင်မှု၊ လာမယ့် ၆ လအတွင်း စစ်ရေးအရမျှော်လင့်နိုင်မှု ... စတဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်တပ်ဖက်က တိုက်ပွဲမှာ အထိနာရင် ဒေသခံအရပ်သားတွေအပေါ် ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်လေ့ရှိတာဘာကြောင့်လဲ...

- ERO ဒေသက စခန်းသိမ်းတိုက်ပွဲလိုမျိုး အညာစစ်မျက်နှာမှာ ဖော်ဆောင်နိုင်အောင် ဘာတွေ ကူညီပေးဖို့ လိုအပ်နေသလဲ...

- အခုနှစ် လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိတိုးတက်လာဖို့ မျှော်လင့်နိုင်မလဲ...

- နယ်စပ်ဖြတ် အကူညီပေးရေးလုပ်ငန်းတွေ မကြာခင် စတင်နိုင်တော့မလား....

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More