Wednesday, June 28, 2023

“ပြည်သူတရပ်လုံး ပါဝင်နေတဲ့ တိုက်ပွဲမှာ ဘယ်အင်အားစုမှ ချန်နေလို့မရဘူး၊ 'က...



“ပြည်သူတရပ်လုံး ပါဝင်နေတဲ့ တိုက်ပွဲမှာ ဘယ်အင်အားစုမှ ချန်နေလို့မရဘူး၊ 'ကလလတ'- ပါလာတာလည်း ဒီသဘောပါပဲ”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

(၂၈- ၆- ၂၀၂၃)

“စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးပါဝင်နေတဲ့တော်လှန်ရေးဖြစ်တာကြောင့် ဘယ်အင်အားစုမှ ချန်နေလို့မရဘူး။ ချန်နေတဲ့အဖွဲ့  လူထုထောက်ခံမှုမရနိုင်ဘူး။ လူထုအတွက် ဆောင်ရွက်နေတဲ့အဖွဲ့အားလုံး တော်လှန်ရေးထဲ ပါရမှာဖြစ်တယ်။ အခု 'ကလလတ'- ပါလာတာဟာ ဒီသဘောပဲဖြစ်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော် ကပြောပါတယ်။ 

ကရင်နီပြည်နယ် မယ်စဲ့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ အရင် ၁၉၉၀ ဝန်းကျင်က မာနယ်ပလောအခြေစိုက် တော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုအခြေအနေနဲ့ ဒီနေ့ပြောင်းလဲလာနေတဲ့ အနေအထားတွေအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- နှစ် ၃၀ နီးပါးကြာ နယ်ခြားစောင့်တပ်ဖြစ်နေတဲ့ -“ကလလတ”- က စစ်ကောင်စီကို ပြန်တိုက်တာ နိုင်ငံရေးအရ ဘယ်လောက်ထူးခြားမှုရှိသလဲ...

- မယ်စဲ့မြို့သိမ်းတိုက်ပွဲက နွေဦးတော်လှန်ရေးအင်အားစုတွေကို ဘယ်လောက်အထိ စိတ်ဓာတ်ခွန်အားဖြစ်စေသလဲ...

- ERO ဆက်စပ်ဒေသမှာ အောင်ပွဲတွေရနေပေမယ့် အညာစစ်မျက်နှာမှာ PDF တွေ ခံနေရဆဲဖြစ်တာ ဘာကြောင့်လဲ...

- NDAA ဥပဒေဟာ နိုင်ငံရေးအရ ဘယ်လောက်အရေးကြီးသလဲ...

- “ဒီ ပွဲက နိုင်ကိုနိုင်မှာ” လို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More