Friday, June 23, 2023

“ မြန်မာပြည်ရဲ့အလှည့်အပြောင်းကို ဖြစ်စေမယ့်တိုက်ပွဲလို့ ယုံကြည်ယူဆလာတဲ့အ...



“ဒီတိုက်ပွဲဟာ မြန်မာပြည်ရဲ့အလှည့်အပြောင်းကို ဖြစ်စေမယ့်တိုက်ပွဲလို့ ယုံကြည်ယူဆလာတဲ့အတွက် တချိန်က ငြိမ်း-အဖွဲ့တွေ တော်လှန်ရေးထဲ ပါဝင်လာတာဖြစ်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၃- ၆- ၂၀၂၃)

“လူထုတရပ်လုံးအုံကြွပြီး ဖြစ်ပေါ်လာတဲ့ ဒီနွေဦးတော်လှန်ရေးတိုက်ပွဲဟာ မြန်မာပြည်ရဲ့အလှည့်အပြောင်းကိုဖြစ်စေမယ့် တိုက်ပွဲလို့ ယုံကြည်ယူဆလာကြတဲ့အတွက် တချိန်က ငြိမ်း-အဖွဲ့တွေ တော်လှန်ရေးထဲပါဝင်လာတာဖြစ်တယ်။ ဒါဟာ တော်လှန်ရေး ဒီရေတဆင့်မြင်လာတာဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

ကရင်နီပြည် မယ်စဲ့ဒေသမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်း ၂ ရင်းက စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်ပြီး မြို့ကိုပြန်သိမ်းလိုက်တဲ့အပေါ်၊ တနည်းအားဖြင့် ၁၉၉၄ က စစ်အုပ်စုနဲ့ငြိမ်းချမ်းရေးလုပ်ခဲ့ရတဲ့ -ကလလတ- ခေါ် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးက နှစ် ၃၀ ကြာမှ ဘာကြောင့် ပြန်တိုက်တာလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့မြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက သိမ်းထားလိုက်ပြီလား...

- ကလလတ က နှစ် ၃၀ ကြာမှ ဘာကြောင့် ပြန်တိုက်တာလဲ...

- နယ်ခြားစောင့်ဖြစ်ခဲ့ဖူးတဲ့ ကလလတ ရဲ့ တိုက်ပွဲဝင်မှုက အခြား နယ်ခြားစောင့်တပ်တွေ၊ ငြိမ်း- တွေကို ဘယ်လိုကရက်ရိုက်ခတ်နိုင်သလဲ...

- ကရင်နီပြည် ကြားကာလအုပ်ချုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုနဲ့ မယ်စဲ့တိုက်ပွဲ ဘာကြောင့် တချိန်တည်း ထဖြစ်တာလဲ...

- ကလလတ နွေဦးတော်လှန်ရေးထဲပါဝင်လာမှုဟာ နယ်မြေထူးခြားချက်ကြောင့်လား... နိုင်ငံရေးသီအိုရီအရကို ပါလာတာလား...

- ငြိမ်း အဖွဲ့တွေပါလာခြင်းကို ဘာကြောင့် တော်လှန်ရေးဒီရေတဆင့်မြင့်လာပြီလို့ ပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနေ့ညနေပိုင်းက မေးမြန်းထားချက်ဖြစ်ပါတယ်။ ဒီညနေ ထပ်မံရရှိတဲ့သတင်းတွေအရ ကရင်နီပူးပေါင်းတပ်ဖွဲ့ကနေ နောက်ထပ် စစ်ကောင်စီစခန်းတခုကို ဒီမနက်ပိုင်းမှာ သိမ်းပိုက်လိုက်နိုင်တယ်လို့သိရပါတယ်) 

(မနက်ဖန်မနက်ပိုင်းမှာတော့ အမေရိကန်ပိတ်ဆို့မှုနှင့် စကစရဲ့ -တို့မမှုပါ- အခန်းဆက်များအကြောင်း...  စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More