Saturday, June 10, 2023

“မုန်တိုင်းသင့်ပြည်သူတွေထံ အကူအညီမရောက်အောင် တားဆီးခြင်းဟာ နိုင်ငံတကာဥပဒ...



“မုန်တိုင်းသင့်ပြည်သူတွေထံ အကူအညီမရောက်အောင် တားဆီးခြင်းဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်”

- ဒေါက်တာဝင်းမြတ်အေး (လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး)

(၁၀- ၆ -၂၀၂၃)

“ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေထံ ပေးအပ်မယ့် နိုင်ငံတကာအကူညီတွေကို စစ်ကောင်စီက တားဆီးပိတ်ပင်မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ အကူညီလိုအပ်နေသူတွေဆီ မရောက်ရောက်အောင် ပေးအပ်ရေးဟာ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ တာဝန်ဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသား-စာနာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။

ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေဆီပေးအပ်မယ့် နိုင်ငံတကာအကူအညီတွေ၊ ကူညီရေးအဖွဲ့တွေကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မုန်တိုင်းသင့်သူများအား ကူညီရေးအတွက် ပြင်သစ်အပါဝင် နိုင်ငံတကာနှင့် ဆွေးနွေးမှု ဘယ်လိုထူးခြားသလဲ...

- အာဆီယံ အပါဝင် အိမ်နီးချင်းနိုင်ငံတွေက ပေးအပ်တဲ့အကူအညီတွေ နည်းလမ်းမှန်ကန်ပါရဲ့လား....

- NUG ကိုယ်တိုင်ကကော မြေပြင်မှာ ဘယ်လိုကူညီပေးမှုတွေ ဆောင်ရွက်နေသလဲ...

- ကုလအပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ...

-စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မုန်တိုင်းသင့်ပြည်သူတွေ မုန်တိုင်းကြောင့်မသေပဲ စစ်ကောင်စီကြောင့် သေရမယ့်ကိန်း ဆိုက်နေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More