Saturday, June 17, 2023

“အာဆီယံ မူ နဲ့လည်းဆန့်ကျင်တယ်၊ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့လည်းဆန့်ကျင်...


“အာဆီယံ မူ နဲ့လည်းဆန့်ကျင်တယ်၊ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့လည်းဆန့်ကျင်တယ်၊ ဒါကြောင့် ဒီဆွေးနွေးပွဲကို ကန့်ကွက်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၈- ၆- ၂၀၂၃)

“စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ခေါ်ပြီး ဆွေးနွေးပွဲလုပ်ဖို့ပြင်နေတဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ဟာ အာဆီယံ မူ ၅ ချက်နဲ့ဆန့်ကျင်နေတယ်၊ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့လည်းဆန့်ကျင်နေတယ်၊ ဒါကြောင့် ဒီဆွေးနွေးပွဲကို ကန့်ကွက်ပါတယ်” လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

မြန်မာနိုင်ငံက ပြသာနာတွေကို ဆွေးနွေးအဖြေရှာဖို့ဆိုပြီး ထိုင်းအစိုးရက စီစဉ်နေတဲ့ အာဆီယံ မူ ၅ ချက်ပြင်ပက အလွတ်သဘောဆွေးနွေးပွဲအပေါ် ထင်မြင်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒေါ်ဇင်မာအောင်က ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ကောက်နှုတ်ချက်ထဲမှာ ...

- စစ်ကောင်စီ တာဝန်ရှိသူတွေကို အစည်းဝေးမဖိတ်ရ-လို့ အာဆီယံက မူချထားပါရဲ့နဲ့ ထိုင်းအစိုးရက ဘာကြောင့် ဖိတ်ခေါ်ဆွေးနွေးတာလဲ...

- စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတက်မယ့် အစည်းအဝေးကို NUG က ဘာကြောင့် ကန့်ကွက်တာလဲ..

- အသစ်တက်လာဖို့ပြင်နေတဲ့ ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေအပေါ် NUG က ဘယ်လို သဘောထားသလဲ...

- NUG ဆက်သွယ်ရေးရုံးခန်း ထိုင်းမှာဖွင့်ရေး ဖြစ်လာနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုအခြေ အနေမေးမြန်းချက်ထဲက ထိုင်းနိုင်ငံအကြောင်း ကောက်နှုတ်ချက်ဖြစ်ပါတယ်။ မေးမြန်းချက် အပြည့်အစုံကိုတော့ ညနေပိုင်းနဲ့နောက်ရက်တွေမှာ ထုတ်လွှင့်ဖို့စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More