Sunday, June 18, 2023

“အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရင် မြန်မာလူထုရဲ့ ထောက်ခံမှု မရနို...



“အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရင် မြန်မာလူထုရဲ့ ထောက်ခံမှု မရနိုင်ဘူးဆိုတာကို တရုတ်က သဘောပေါက်တယ်လို့မြင်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၉ - ၆- ၂၀၂၃)

“အာဏာသိမ်းစစ်တပ်နဲ့ ပူပေါင်းဆောင်ရွက်မိရင် မြန်မာလူထုရဲ့ ထောက်ခံမှုမရနိုင်ပဲ ကန့်ကွက်မှုနဲ့သာရင်ဆိုင်ရမယ်ဆိုတာကို တရုတ်အစိုးရဖက်က ကောင်းကောင်းသဘောပေါက်တယ်လို့မြင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများကြီးလုပ်ထားတဲ့ တရုတ်ဖက်က မြန်မာလူထုရဲ့ သဘောထားဆန္ဒကို ထည့်တွက်ရပါလိမ့်မယ်” လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှူအခြေအနေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့သဘောထား ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- UN မှာ ကိုယ်စားလှယ်နေရာ ဆက်ရထားခြင်း၊ US မှာရုံးခန်းဖွင့်ခွင့်ရခြင်းတွေကို ထူးခြားတဲ့ အောင်မြင်မှုလို့ပြောနိုင်မလား...

- ဥရောပနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှူကော ဘယ်လိုရှိသလဲ...

- အာဆီယံ လူသား-စာနာ အဖွဲ့က ပေးအပ်ထားတဲ့ မိုခါမုန်တိုင်းသင့် ကယ်ဆယ်ရေးအကူအညီတွေကို စစ်ကောင်စီက ဟန့်တားပိတ်ဆို့ထားခြင်းကြောင့် ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- မြန်မာ့အရေးမှာ ထဲထဲဝင်ဝင်ပါဝင်လာနေတဲ့ တရုတ်အစိုးရဖက်က စစ်ကောင်စီအကြိုက်ချည်းလိုက်လုပ်နေရင် လူထုရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်လာရနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စကစ ကိုယ်စားလှယ်ကိုဖိတ်ပြီး ကျင်းပဖို့ပြင်နေတဲ့ ထိုင်း-ကဆွေးနွေးပွဲကို ကန့်ကွက်ကြောင်းပြောကြားချက်ကို မနေ့က သီးခြားထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကိုယ်စားလှယ်တွေ သွားရောက်တွေဆုံမှုက ဘာတွေထူးလာနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More