Thursday, June 29, 2023

“စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အဖွဲ့တွေကြား အားကောင်းချက်ကို မယ်စဲ့တိုက်ပွ...



“စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အဖွဲ့တွေကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားကောင်းချက်ကို မယ်စဲ့တိုက်ပွဲမှာ တွေ့နိုင်ပါတယ်”

- ပဒိုစောကလယ်စေး -(ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၂၉  -၆ ၂၀၂၃)

“အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အဖွဲ့တွေကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားကောင်းလာနေပြီဆိုတာကို ကရင်နီပြည်နယ်က မယ်စဲ့တိုက်ပွဲမှာ တွေ့နိုင်ပါတယ်။ တိုက်ပွဲ ပိုပြင်းထန်လာနိုင်ပြီး 'ကလလတ' လိုအဖွဲ့တွေ မကြာခင် ထပ်ပေါ်လာဖွယ်ရှိနေတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

ကရင်ပြည်နယ်အပါဝင် ဒေသတွင်းက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှု၊ နယ်ခြားစောင့်တပ်တွေရဲ့ အနာဂတ်အလားအလာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- ကရင်ပြည်နယ်မှာ ပထမ ၅ လအတွင်းမှာတင် စစ်ကောင်စီဖက်က ထောင်နဲ့ချီကျဆုံးတာ ဘာကြောင့်လဲ...

- မယ်စဲ့တိုက်ပွဲမှာ ကရင်နီတပ်တွေအပြင် မဟာမိတ်တပ်တွေ အားလုံး ပါဝင်တိုက်ခိုက်နေသလား...

- “ကလလတ” လို နယ်ခြားစောင့်တပ်တွေ မကြာခင် ထပ်ပေါ်လာနိုင်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

- နေပြည်တော်ရောက် စစ်မတိုက်ရေးအဖွဲ့ ၅ ခုရဲ့ပြောကြားချက်အပေါ်  KNU က ဘယ်လိုတုန့်ပြန်လိုက်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လာမယ့် ၆ လအတွင်း မယ်စဲ့လို အရေးကြီးတဲ့တိုက်ပွဲတွေ ထပ်ပေါ်လာနိုင်သလား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More