Friday, June 16, 2023

“ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲဆိုတာ မွေးနေ့ပွဲသက်သက်မဟုတ်ပဲ မြန်မာပြည်ကိ...



“ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲဆိုတာ မွေးနေ့ပွဲသက်သက်မဟုတ်ပဲ မြန်မာပြည်ကိုလွတ်မြောက်စေချင်သူအားလုံးရဲ့ စုစည်းမှုအင်အားကို ပြသတာဖြစ်တယ်”

ကိုဂျွန်မန်း - (ဥက္ကဌ - ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မီတီ - နော်ဝေ)

(၁၆- ၆- ၂၀၂၃)

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ပွဲကျင်းပတယ်ဆိုတာဟာ မွေးနေ့ပွဲသက်သက်မဟုတ်ပဲ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်စေချင်သူအားလုံးရဲ့ စုစည်းမှုအင်အားကိုပြသတာဖြစ်တယ်” လို့ နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ မွေးနေ့ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ ပန်းခြံကော်မီတီဥက္ကဌ ကိုဂျွန်မန်း ကပြောပါတယ်။

ဒီနေ့ ဇွန် ၁၆ နဲ့ မနက်ဖန် ၁၇ ရက်တွေမှာ ကျင်းပမယ့်အခန်းနားအစီစဉ်တွေ၊ ဒီလို အခမ်းအနားကျင်းပတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေမှာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ မွေးနေ့ပွဲအခမ်းအနားတွေ ဘယ်လိုကျင်းပဖို့ ပြင်ဆင်ထားသလဲ...

- ဒီပန်းခြံ ဘယ်လိုဖြစ်ပေါ်လာသလဲ၊ နွေဦးတော်လှန်ရေးနဲ့ ဘယ်လိုဆက်စပ်နေသလဲ...

- ပန်းခြံကော်မီတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ တုန်းကတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ဘာပြောသလဲ...

- မိုင်ပေါင်းများစွာဝေးကွာတဲ့ ဒီလိုနေရာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကျင်းပခြင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ နွေဦးတော်လှန်ရေးကို ဘယ်လိုခွန်အားဖြစ်စေမှာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း အကျအဆုံးများလှတဲ့ မြန်မာစစ်တပ်ဟာ အင်အား တဝက်နီးပါးအထိ လျော့ကျသွားသလား... စစ်ရေးဝေဖန်သူ ဦးသန်းစိုးနိုင်နှင့် မေးမြန်းချက်ကို မနက်ဖန် ထုတ်လွှင့်ပေးဖို့စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More