Saturday, June 3, 2023

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်...



“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်းမှာတော့ ပညာသင်ခွင့်ရနေသင့်တယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)

(၃- ၆- ၂၀၂၃)

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားကျောင်းတွေမှာ ကျောင်းသားဦးရေ နှစ်ဆ အထိတိုးလာတယ်။ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်၊ နေခွင့်မရတဲ့ကလေးတွေများလာနေတယ်။ တကယ်ဆို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်းမှာတော့ ပညာသင်ခွင့်ရနေသင့်တယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းမနေနိုင်တဲ့ ကလေးတွေများလာနေတာ၊ ထိုင်းဖက်ကို အစုအပြုံလိုက်ထွက်လာနေတာ၊ အနာဂတ်ပျောက်နေတဲ့ ပညာရေးအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံရှိ ရွှွေပြောင်းအလုပ်သမားကျောင်းတွေဆီ ကျောင်းသားဘယ်လောက်အထိ တိုးလာနေသလဲ...

- ထိုင်းရှိ မြန်မာစာသင်ကျောင်းတွေမှာ ဘယ်လိုသင်ရိုးညွှန်းတန်းတွေနဲ့ သင်ပေးနေသလဲ...

- စစ်အစိုးရကနေ အရပ်သားအစိုးရကိုပြောင်းတဲ့အခါ မြန်မာကလေးတွေရဲ့ ပညာရေးအခွင့်အလမ်း ပိုကောင်းလာနိုင်သလား...

- စစ်ဖြစ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ကလေးတွေဟာ စာသင်ကျောင်းတခုခုမှာ ရှိနေသင့်တယ်လို့ ဘာကြောင့်ပြောာတာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More