Friday, June 9, 2023

“စစ်ကြောင်းထိုးပြီး ရင်ဆိုင်မတိုက်ပဲ အရပ်ဝတ်နဲ့ အရပ်ကားစီးပြီး ခိုးဝင်လာ...



“စစ်ကြောင်းထိုးပြီး ရင်ဆိုင်မတိုက်ပဲ အရပ်ဝတ်နဲ့ အရပ်ကားစီးပြီး ခိုးဝင်လာလို့ သတိပေးချက် ထုတ်ပြန်ရတာ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၉ - ၆-၂၀၂၃)

“စစ်ကောင်စီတပ်တွေ ချင်းတောင်ပေါ် စစ်ကြောင်းထိုးတဲ့အခါ အကျအဆုံးများတဲ့အတွက် စစ်ကြောင်းကို အင်အား ထပ်မဖြည့်နိုင်ဖြစ်နေတယ်။ ဒါကြောင့် ခိုးကြောင်ခိုးဝှက်နဲ့ ချင်း မှတ်ပုံတင် အတုလုပ်၊ အရပ်ဝတ်နဲ့အရပ်ကားစီးပြီး ချင်းပြည်နယ်ထဲ ခိုးဝင်မှုများလာနေတဲ့အတွက် အခုလို တားဆီးအမိန့် စစ်ရေးသတိပေးချက်ထုတ်ပြန်ရတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ကပြောပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ချင်းပြည်နယ်အတွင်း ခရီးသွားခွင့် စစ်ရေးသတိပေးချက်၊ CDF, PDF ခွင့်ပြုချက်ပါမှသွားခွင့်ပေးမယ်ဆိုတာအပါဝင် လက်ရှိ ချင်းတောင်ပေါ်က တိုက်ပွဲအခြေအနေကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ခရီးသွားခွင့်ကန့်သတ်တဲ့ စစ်ရေးသတိပေးချက် ဘာကြောင့် ထုတ်ပြန်ရသလဲ...

- စကစ တွေက မှတ်ပုံတင်အတုလုပ်၊ အရပ်ဝတ်စွပ်- အရပ်ကားစီးပြီး ချင်းတောင်ကို ဘယ်လိုခိုးဝင်နေသလဲ...

- ချင်းတောင်ပေါ်မှာ မိုခါမုန်တိုင်း ကယ်ဆယ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ...

- ဟားခါးနဲ့ ထန်တလန်ကြားက တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- တနိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စကစ က မိုးတွင်းကာလမှာ ထိုးစစ်အရှိန်မြှင့်နိုင်ပါ့မလား...

- အရှေ့မြောက်ဒေသ၊ အရှေ့တောင်ဒေသ၊ အညာဒေသနဲ့ ချင်းတောင်ပေါ်က တော်လှန်ရေးသမားတွေ ဘယ်လိုဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြမလဲ...

-စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More