“ရွာတွေ၊ စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေလို့ လူ ၃၀၀၀ ကျော် ထိုင်းဖက် ထွက်ပြေးနေရတယ်”
- ဗညားခွန်အောင် (ကရင်နီလူ့အခွင့်အရေးအဖွဲ့ - KHRG)
(၁၉ - ၆ -၂၀၂၃)
“ကရင်နီပြည်နယ် မယ်စယ့်ဒေသမှာ တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေကို လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော် ထိုင်းနယ်စပ်ဖက် ထွက်ပြေးသွားရတယ်၊ ဗိုးဗြဲဖက်မှာလည်း ကျေးရွာတွေအပေါ် ဗုံးကြဲနေတဲ့အတွက် အရပ်သား ၃၀ ကျော်အထိ သေဆုံးမှူရှိ နေတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) ညွှန်ကြားရေးမှူး ဗညားခွန်အောင် ကပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ စစ်ပြေးအခြေအနေ၊ လူသား-စာနာ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- ထိုင်းနယ်စပ်ဖက်မှာ စစ်ဘေးရှောင် ဘယ်လောက်များနေပြီလဲ...
- ကူညီကယ်ဆယ်ရေး ဘယ်လိုဆောင်ရွက်နေကြသလဲ...
- စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေကို ရင်ဆိုင်မတိုက်ပဲ အရပ်သားတွေကို တမင်တိုက်ခိုက်နေတာလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ကရင်နီဒေသအတွင်းက နယ်မြေထိန်းချုပ်မှု၊ ကြားကာလအုပ်ချုပ်မှုတွေအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ည ထုတ်လွှင့်ပါမယ်။ မနက်ဖန် မနက်ပိုင်းမှာတော့ နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင်နှင့်မေးမြန်းချက် ဒုတိယ ပိုင်း ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment