Sunday, June 4, 2023

“စကစ ဖက်က ဒု ရင်းမှူးအပါဝင် ၁၀ ဦးဝန်းကျင် ကျဆုံးမယ်လို့ ခန့်မှန်းပါတယ်”



“စကစ ဖက်က ဒု ရင်းမှူးအပါဝင် ၁၀ ဦးဝန်းကျင် ကျဆုံးမယ်လို့ ခန့်မှန်းပါတယ်”

- ဆလိုင်းယောမာန် - (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၅- ၆- ၂၀၂၃)

“မင်းတပ်နဲ့ ကျောက်ထုအကြား တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဒု ရင်းမှုးအပါဝင် ၁၀ ခန့်ကျဆုံးပြီး ဒဏ်ရာရသူလည်းများတယ်။ မေ ၂၉ ရက်နေ့ကတည်းက မင်းတပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ အခုထိ ကျောက်ထုကို မရောက်သေးဘူး၊ ကျောက်ထုလေယာဉ်ကွင်းကိုလည်း တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်နိုင်ခဲ့တယ်” လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန် ကပြောပါတယ်။

မေလ ၃၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရင့်ရဲရွာမီးရှို့ခံရမှုအခြေအနေ၊ ချင်း-ယောနယ်စပ်က တိုက်ပွဲအခြေအနေ၊ “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းအခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မင်းတပ်နဲ့ ကျောက်ထုအကြား တိုက်ပွဲမှာ စစ်ကောင်စီဖက်က ဘယ်လောက်ထိခိုက် ကျဆုံးနေသလဲ...

- ကျောက်ထုလေယာဉ်ကွင်း ပစ်ခတ်မှုနဲ့ မင်းတပ်တိုက်ပွဲ တပြိုင်တည်းဖြစ်တာလား...

- ရင့်ရဲရွာမီးရှို့ခံရမှု အိမ်ခြေဘယ်လောက် မီးထဲပါသွားသလဲ...

- ပျောက်ကြားစစ်လောက်နဲ့မရဘူး၊ ထိုးစစ်- မြို့သိမ်းတိုက်ပွဲလုပ်နိုင်မှ ရမယ်လို့ ဘာကြောင့်ပြောတာလဲ...

- “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းက ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်း-ယော နယ်စပ်အပြင် တနိုင်ငံလုံးဟန်ချက်ညီ ထိုးစစ်ဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ ... ဆွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မနက် ထုတ်လွှင့်ပါမယ်။ ဒီနေ့ညနေပိုင်းမှာတော့ စစ်ကိုင်းတိုင်းက PDF ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More