Wednesday, June 14, 2023

“စစ်ကောင်စီက တပ်စခန်းဝန်းကျင် ၅ မိုင်ပတ်လည်ကလွဲရင် အပြင်ကို မထွက်တော့ဘူး”



“စစ်ကောင်စီက တပ်စခန်းဝန်းကျင် ၅ မိုင်ပတ်လည်ကလွဲရင် အပြင်ကို မထွက်တော့ဘူး”

- ဇွဲထက်ဟိန်း (တပ်ရင်းမှူး - အမှတ် ၅ တပ်ရင်း - ဂန့်ဂေါခရိုင်)

(၁၄- ၆- ၂၀၂၃)

“မကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းရှိ စစ်ကောင်စီတပ်တွေဟာ တပ်စခန်းဝန်းကျင် ၅ မိုင်ပတ်လည်ကိုကျော်ပြီး အပြင်မထွက်တော့ဘူး၊ အဲဒီ ၅ မိုင်ဝန်းကျင်မှာတင် နေ့စဉ်တိုက်ပွဲဖြစ်နေတယ်၊ တော်လှန်ရေးတပ်တွေဖက်က တိုက်ခိုက်ရေး ပိုအားကောင်းလာတယ်” လို့ ဂန့်ဂေါခရိုင် အမှတ် ၅ တပ်ရင်း တပ်ရင်းမှူး ဇွဲထွက်ဟိန်း ကပြောပါတယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ယောနယ်က PDF တွေရဲ့ လှုပ်ရှားရုန်းကန်တိုက်ပွဲဝင်နေမှုအခြေအနေ၊ ချင်းတောင်တန်းနဲ့ ယောနယ်က တော်လှန်ရေးတပ်တွေ ပူူးပေါင်းဆောင်ရွက်နိုင်မှု၊ The Journey မှတ်တမ်းရုပ်ရှင်ထဲက အခက်ခဲတွေအကြောင်း စသဖြင့်... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- The Journey မှတ်တမ်းရုပ်ရှင်ထဲမှာတွေ့ရတဲ့ အခက်ခဲများအကြောင်း...

- ချင်းတောင်တန်းနဲ့ ယောနယ်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလား...

- ယောနယ်က တိုက်ပွဲတွေမှာ PDF တွေဖက်က အသာစီးရနေပြီလား...

- PDF တပ်ရင်းမှူးတဦးအတွက် နေ့စဉ်စိန်ခေါ်ချက်က ဘာတွေလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တက္ကသိုလ်ကျောင်းသားဘဝကနေ အသက် ၂၃ နှစ်အရွယ်မှာ PDF တပ်ရင်းမှူးဖြစ်လာသူ တစ်ဦးရဲ့ ရှေ့မျှော်လင့်ချက်အကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။ The Journey မှတ်တမ်းရုပ်ရှင်ကိုတော့ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံမှာ အခုလ ၁၆ ရက်နေ့ ရုံတင်ပြသဖို့ရှိနေပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More