Tuesday, June 27, 2023

“မယ်စဲ့တိုက်ပွဲအတွင်း လက်နက်ချမှုက တပ်မတော်ကို အများကြီးကယက်ရိုက်စေပါတယ်”



“မယ်စဲ့တိုက်ပွဲအတွင်း လက်နက်ချမှုက တပ်မတော်ကို အများကြီးကယက်ရိုက်စေပါတယ်”

- ဗိုလ်ကြီးကောင်းသူဝင်း (CDM - တပ်မတော်အရာရှိ)

(၂၇ - ၆ -၂၀၂၃)

“ကရင်နီပြည်နယ် မယ်စဲ့တိုက်ပွဲအတွင်း တပ်မတော်သားတွေ အစုံအပြုံလိုက်လက်နက်ချတဲ့သတင်းကို စစ်ကောင်စီက ဖုံးဖိထားပေမယ့် ဒီသတင်းဟာ တပ်မတော်သားတွေကို အကြီးအကျယ် ကယက်ရိုက်မှုရှိနေတယ်။ အခုချိန်ဟာ တပ်စုအလိုက်၊ တပ်ခွဲအလိုက်၊ တပ်ရင်းအလိုက်အထိ တပ်မတော်သားတွေ ပြည်သူဖက် ကူးပြောင်းဖို့အကောင်းဆုံးအချိန်ဖြစ်တယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးကောင်းသူဝင်း ကပြောပါတယ်။

ဇွန်လ ၁၃ ရက်က စတင်ဖြစ်ပွားနေတဲ့ မယ်စဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးလက်နက်ချတယ်၊ တပ်ရင်းအလိုက်ပျောက်နေပြီး လက်နချသွားတာဖြစ်နိုင်တယ်... စသဖြင့် သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဘယ်လောက်များများ လက်နက်ချလိုက်သလဲ...

- မယ်စဲ့မြို့သိမ်းတိုက်ပွဲနဲ့ ထန်တလန်မြို့သိမ်းတိုက်ပွဲ ဘာတွေကွာသလဲ...

- မယ်စဲ့တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ Turning point ဖြစ်လာပြီး စစ်ကောင်စီ စတင်ပြိုကျခြင်းရဲ့ နိဒါန်းဖြစ်သွားနိုင်သလား...

- လေယာဉ်တွေ၊ တင့်ကားတွေရှိပေမယ့် ပြည်သူ့ထောက်ခံမှုမရှိရင် အဲဒီစစ်တပ် စစ်ရှုံးနိုင်တယ်ဆိုတာ အခု တိုက်ပွဲက သက်သေပြနေပြီလား...

- အခုအချိန်ဟာ တပ်မတော်သားတွေ ပြည်သူဖက်သို့ အစုအပြုံလိုက် ကူးပြောင်းဖို့ အကောင်းဆုံးအချိန်လား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More