Thursday, June 22, 2023

“ဒီဘဏ် နှစ်ခုကို ပစ်မှတ်ထားတယ်ဆိုတာဟာ စကစရဲ့ အရှိုက်ကိုထိအောင် ပစ်တဲ့သဘေ...



“ဒီဘဏ် နှစ်ခုကို ပစ်မှတ်ထားတယ်ဆိုတာဟာ စကစရဲ့ အရှိုက်ကိုထိအောင် ပစ်တဲ့သဘောပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၃- ၆- ၂၀၂၃)

“အမေရိကန်ပြည်ထောင်စုက နောက်ဆုံးပြုလုပ်လိုက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အရှိုက်ကိုထိအောင် ချိန်ရွယ်ပစ်ခတ်လိုက်တဲ့သဘောဖြစ်တယ်။ နိုင်ငံခြားငွေနည်းသွားရင် စစ်လက်နက်နဲ့ တိုက်လေယာဉ်ဆီ ဝယ်ယူမှု လျော့ကျသွားနိုင်တယ်” လို့ စီးပွားရေး ဝေဖန်သုံးသပ်သူ ဦးစိန်ဌေး ကပြောပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့  မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့လိုက်တဲ့အတွက် စစ်ကောင်စီကို ဘယ်လိုထိခိုက်နေိုင်သလဲ၊ အရင်က ပိတ်ဆို့မှုထက် အခုပိတ်ဆို့မှုက ဘာများထပ်ထူးလို့လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- (MFTB) နဲ့  (MICB) ကိုမှ ဘာကြောင့်ရွေးပြီး ဒဏ်ခတ်ပိတ်ဆို့တာလဲ...

- အာဏာသိမ်းစစ်ဗိုလ်တွေဖက်က “စီးပွားရေးပိတ်ဆို့မှု တို့မမှုပါ” ဆိုတဲ့ ဓာတ်ပြားဟောင်း ပြန်ဖွင့်နိုင်ခွင့် ထပ်ရနိုင်သေးလား...

- အရင် နဝတ ခေတ်တုန်းကလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ အသက်ရှုပေါက် ထပ်ရနိုင်သေးလား...

- ဒေါ်လာဈေး၊ ရွှေဈေး၊ လောင်စာဈေး၊ အခြေခံစားသောင်ကုန်ဈေးတွေ ရုတ်တရက် ထပ်တက်လာနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီပိတ်ဆို့မှုတွေကို လူထုလုံးဝမခံရပဲ စစ်ဗိုလ်ချုပ်တွေကိုသာ တည့်တည့်ခံရစေဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။ 

ညနေပိုင်းမှာတော့ နှစ် ၃၀ လောက်ငြိမ်နေတဲ့ ကလလတ တပ်ဦး ဘာကြောင့် နွေဦးတော်လှန်ရေးထဲ ပါလာသလဲ... မေးမြန်းချက်ကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More