Thursday, June 15, 2023

“လမ်းမှန်ကိုလျောက်တဲ့ တော်လှန်ရေးသမားတွေအဖို့ အခက်အခဲဆိုတာကြုံရမှာပဲ၊ ဒီ...



“လမ်းမှန်ကိုလျောက်တဲ့ တော်လှန်ရေးသမားတွေအဖို့ အခက်အခဲဆိုတာကြုံရမှာပဲ၊ ဒီအခက်အခဲတွေကို ပြည်သူတွေနဲ့အတူ ကျော်ဖြတ်သွားမှာဖြစ်တယ်”

- ဇွဲထက်ဟိန်း (တပ်ရင်းမှူး - အမှတ် ၅ တပ်ရင်း - ဂန့်ဂေါခရိုင်)

(၁၅- ၆- ၂၀၂၃)

“စစ်အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ လမ်းကြောင်းမှန်ကိုရွေးပြီးကတည်းက အခက်အခဲဆိုတာ ကြုံရမှာပါပဲ။ ဘယ်လိုပဲအခက်ခဲတွေရှိနေပါစေ ပြည်သူနဲ့အတူလက်တွဲပြီး အောင်ပွဲရတဲ့အထိ ချီတက်သွားမှာဖြစ်တယ်” လို့ ဂန့်ဂေါခရိုင် အမှတ် (၅) တပ်ရင်း တပ်ရင်းမှူး ဇွဲထွက်ဟိန်းက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ရှေ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- တော်လှန်ရေးကာလ အခက်အခဲတွေကို ပြည်တွင်း-ပြည်ပက ဘယ်လိုကူညီပေးနိုင်မလဲ...

- ယောနယ်နဲ့ချင်းတောင် လွတ်မြောက်ဒေသဖြစ်ဖို့ အလားအလာ ဘယ်လိုရှိသလဲ...

- နွေဦးတော်လှန်ရေးကာလ အခက်အခဲတွေကို တော်လှန်ရေးသမားနဲ့ပြည်သူတွေ ဘယ်လိုပူးတွဲ ကျော်ဖြတ်ကြမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်းမကောင်းတဲ့အတွက် ပုံတွေမကြည်မလင်ဖြစ်နေတဲ့အပေါ် တောင်းပန်အပ်ပါတယ်။ မနက်ဖန်မှာတော့ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံမှာကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲအကြောင်း မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်။ 
အဲဒီပွဲမှာ ကိုဇွဲထက်တို့အကြောင်း ရိုက်ကူးထားတဲ့ The Journey မှတ်တမ်းရုပ်ရှင်ကို ပြသဖို့ရှိနေပါတယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More