Saturday, June 24, 2023

“စစ်ကောင်စီရဲ့ ဂယ်ပေါက်ပိတ်သွားအောင် ကြွက်တွင်းထဲ ရေဝိုင်းလောင်းချဖို့လိ...



“စစ်ကောင်စီရဲ့ ဂယ်ပေါက်ပိတ်သွားအောင် ကြွက်တွင်းထဲ ရေဝိုင်းလောင်းချဖို့လိုပါတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၄- ၆- ၂၀၂၃)

“နိုင်ငံတကာ စီးပွားရေးဒဏ်ခတ်မှုကနေ သက်သာအောင် ဂယ်ပေါက်ရှာနေတဲ့ စစ်ကောင်စီရဲ့ အပြုအမူတွေကို ပြည်သူတွေက သတင်းပေးဖို့လိုတယ်။ ကြွက်တွင်းထဲ လျှောက်ပြေးပြီး ပုန်းအောင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီကို ပြည်သူတဦးချင်းစီက ကြွက်တွင်းထဲ ရေလောင်းချပြီး ကြွက်ဆိုးကို ဝိုင်းဖမ်းဖို့လိုတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေး ကပြောပါတယ်။

(MFTB) နဲ့  (MICB) ဘဏ် ၂ ခုပိတ်ပင်တာအပါဝင် နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုကို နဝတ-နအဖ ခေတ်ကလိုမျိုး စကစ က ရှောင်နိုင်သေးလား၊ ဒီလိုမရှောင်နိုင်အောင် ဘယ်လို လုပ်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကောင်စီဖက်က ဘဏ်တွေအရေးယူခံနေရစဉ်မှာ NUG ဖက်က နွေဦးဘဏ်ဖွင့်တာ၊ NUG-Pay ဖွင့်တာတွေဟာ ဘယ်လောက်အလုပ်ဖြစ်နိုင်သလဲ...

- မြန်မာ့ဒီမိုကရေစီအရေး အားပေးပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေက ၆ လလောက်ကြာမှတခါ အရေးယူမှုတခု လုပ်ပြနေရုံနဲ့ အားတက်စရာရှိပါ့မလား...

- အနောက်နိုင်ငံတွေအပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီရအောင် ဘယ်လိုလုပ်သင့်သလဲ...

- စီးပွားရေးဒဏ်ခတ်မှုတွေ ပြည်သူကိုမထိပဲ စစ်ကောင်စီကို တည့်တည့်ထိအောင် ပြည်သူတဦးချင်းစီက ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More