Tuesday, June 23, 2026

“NUG ရဲ့ မဟာမိတ် မူ က မေးခွန်းထုတ်စရာဖြစ်လာနေတယ်”

 https://youtu.be/ci8g4Dt3x2c?si=lezltvrVM1vDgMNW

“NUG ရဲ့ မဟာမိတ် မူ က မေးခွန်းထုတ်စရာဖြစ်လာနေတယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၄ ဇွန် ၂၀၂၆) “NUG က သူ့အမိန့်အောက်မှာ မရှိတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ဘယ်လိုသဘောထားသလဲ၊ တန်းတူရည်တူဆက်ဆံသလား၊ အင်အားသုံးဆက်ဆံလာနေသလားဆိုတဲ့ မဟာမိတ် မူ ဟာ မေးခွန်းထုတ်စရာဖြစ်လာနေတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ မြင်းခြံနယ်မှာဖြစ်ပေါ်နေတဲ့ NUG အောက်ခြေတပ်တွေနဲ့ PLA တပ်တွေကြား ပွတ်တိုက်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - မြင်းခြံနယ်ရှိ NUG အောက်ခြေတပ်တွေနဲ့ PLA တပ်တွေကြား ဘာတွေ အဆင်မပြေဖြစ်နေတာလဲ... - ရခိုင်၊ ချင်းနဲ့ ကချင်ဖက်ကို စစ်တပ်က ထိုးစစ်ဆင်နေစဉ်မှာ ဘာကြောင့် အချိန်ကိုက် ပြသာနာပေါ်လာရတာလဲ... - တော်လှန်ရေးအဖွဲ့တွေအတွက် အုပ်ချုပ်ရေးနယ်မြေရရှိရေးက နေပြည်တော်သိမ်းပိုက်ရေးထက် ပိုလက်တွေ့ကျနေသလား... - စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့တွေအချင်းချင်းကြားက ပွတ်တိုက်မှုကို မိတ်ဖက်ပတိပက္ခအဖြစ် သဘောထားပြီး အင်အားမသုံးပဲ ဆွေးနွေးအဖြေရှာရေးအတွက် ဘယ်လိုဆောင်ရွက်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေအပါဝင် အညာဒေက တော်လှန်ရေးတပ်တွေကြား ပွတ်တိုက်မှုများလာနေတဲ့အခြေနေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More