Friday, June 5, 2026

“ကလေးတွေရဲ့ ပညာရေးကို တားဆီးကန့်သတ်တဲ့ ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို ဆန့်ကျင်ကန့်ကွက်ပါတယ်”

 https://youtu.be/JDnflYUD4Hs?si=qZpsBxuAF-TPkX05


“ကလေးတွေရဲ့ ပညာရေးကို တားဆီးကန့်သတ်တဲ့ ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို ဆန့်ကျင်ကန့်ကွက်ပါတယ်”

- ဦးထူးချစ် (Foundation for Education and Development - FED)

(၆ ဇွန် ၂၀၂၆) “ကလေးတွေရဲ့ ပညာရေးကို တားဆီးကန့်သတ်တဲ့ ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို ဆန့်ကျင်ကန့်ကွက်ပါတယ်၊ နှစ် ဖက်စလုံးက နည်းလမ်းရှာ စဉ်းစားပေးရမယ့်အချိန်ဖြစ်တယ်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO တွေကလည်း ဝိုင်းကူညီပေးဖို့လိုတယ်” လို့ ထိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။ လက်နက်ကိုင်ပတိပက္ခကြောင့် ကျောင်းတွေပိတ်ထားရတာ ၅ နှစ်ကြာလာတဲ့အခြေအနေ၊ ကလေးတွေကို တော်လှန်ရေးကျောင်းမှာပဲထားရမယ်ဆိုတဲ့ အညာက ပအဖ အဖွဲ့တခုရဲ့သတိပေးချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ကလေးတွေကို တော်လှန်ရေးကျောင်းမှာပဲ ထားရမယ်ဆိုတဲ့ ပအဖ ရဲ့ ကြေညာချက်ဟာ NUG, NUCC တို့ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီပါရဲ့လား... - ကရင်နီအပါဝင် ERO ဒေသတွေမှာကော စစ်ကောင်စီကျောင်းမှာ ကျောင်းသွားတက်နေရတဲ့ ကလေးတွေအပေါ် ဘယ်လိုသဘောထားသလဲ... - မြန်မာပြည်မှာ ကျောင်းတွေပိတ်ထားရလို့ ထိုင်းမှာအလုပ်လာလုပ်တဲ့ မိဘတွေက သားသမီးတွေကိုပါ ထိုင်းဖက်ခေါ်လာနေရသလား... - ထိုင်းစာသင်ကျောင်းကနေ ပြန်လာတဲ့ ကျောင်းသားတွေကို မြန်မာစစ်ကောင်စီကျောင်းတွေ လက်မခံဘူးဆိုတာ ဘာကြောင့်လဲ... - အခု ဇွန်လ ကျောင်းဖွင့်ရာသီမှာ ကျောင်းတွေပိတ်ထားရတဲ့ကျေးရွာတွေက ကလေးတွေ ဘယ်မှာကျောင်းသွားတက်ရမလဲ... နှစ်ဖက် အာဏာပိုင်တွေအပြင် UN, NGO တွေကကော ဘာများကူညီပေးနိုင်မလဲ... ... စတဲ့အကြောင်းတွေအပါဝင် ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် နည်းလမ်းတွေ ဘယ်လိုရှာဖွေနိုင်မလဲဆိုတာကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More