Monday, June 22, 2026

“ငြိမ်းချမ်းရေးက လူကြားကောင်းအောင်ပြောနေတာ၊ လက်တွေ့မှာက ရက် ၁၀၀ လုံး ဗုံးကြဲနေတာ”

 https://youtu.be/DmR77sIE9vw?si=HS2jrAuBllc-BzzU

“ငြိမ်းချမ်းရေးက လူကြားကောင်းအောင်ပြောနေတာ၊ လက်တွေ့မှာက ရက် ၁၀၀ လုံး ဗုံးကြဲနေတာ” - ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG)

(၂၃ ဇွန် ၂၀၂၆) “ငြိမ်းချမ်းရေးက လူကြားကောင်းအောင်ပြောနေတာ၊ လက်တွေ့မှာက ရက် ၁၀၀ လုံး ဗုံးကြဲနေတာဖြစ်တဲ့အတွက် စစ်အုပ်စုရဲ့ စကားလုံးတွေအပေါ် ယုံကြည်စရာမရှိဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောပါတယ်။ တရုတ်ရဲ့လမ်းပြမြေပုံအတိုင်း သွားနေတယ်လို့ ဝေဖန်သူကတွေက ထောက်ပြနေတဲ့ မင်းအောင်လိုင်၊ တရုတ်နိုင်ငံကပြန်လာပြီးတဲ့နောက် လမ်းပြမြေပုံ ဒုတိယ အဆင့်ဖြစ်တဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေအတွက် တော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်လာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အကြောင်း... - မင်းအောင်လှိုင်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီခရီးစဉ်နဲ့ SCEF ရဲ့ နိုင်ငံတကာ စည်းရုံးရေးခရီး ဘယ်ဖက်က ပိုအားကောင်းနေသလဲ... - တရုတ်လမ်းပြမြေပုံအတိုင်းသွားနေတဲ့ မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်လာရင် SCEF က ဘယ်လိုတုန့်ပြန်မှာလဲ... - နွေဦးတော်လှန်ရေး ၅ နှစ်ကြာပြီးတဲ့အခါ အရှိန်နည်းနည်းကျသွားသလား၊ စိန်ခေါ်မှု အသစ်တွေက ဘာတွေလဲ... - ပြည်ပရောက်မြန်မာတွေရဲ့ ထောက်ပို့အင်အားက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ... ... စတဲ့ အကြောင်းအရာတွေအပါဝင် လက်ရှိ သံတမန်ရေး- နိုင်ငံရေး- စစ်ရေး အခြေနေတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More