Wednesday, June 3, 2026

“စာသင်ရမယ့်အရွယ်ကလေးတိုင်း စာသင်ခွင့်ရနေဖို့လိုတယ်”

 https://youtu.be/IOTQ1m6SnvQ?si=KHmVxuYgvxDI7z1r

“စာသင်ရမယ့်အရွယ်ကလေးတိုင်း စာသင်ခွင့်ရနေဖို့လိုတယ်” - ဒေါ်နှင်းနှင်းမွှေး (ပညာရေးမူဝါဒဆိုင်ရာ ဆွေးနွေးအကြံပြုသူ)

(၄ ဇွန် ၂၀၂၆) “ဘယ်နေရာကိုပဲ ရောက်နေသည်ဖြစ်စေ စာသင်ရမယ့်အရွယ်ကလေးတိုင်း တနေရာရာမှာ စာသင်ခွင့်ရနေဖို့လိုတယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ- DPNS- တွဲဖက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ပညာရေးမူဝါဒဆိုင်ရာ ဆွေးနွေးအကြံပြုသူလည်းဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။ ပအဖ ကျောင်းမှအပ စစ်ကောင်စီကျောင်းအပါဝင် ဘယ်ကျောင်းမှာမှ ထားခွင့်မပြုဆိုပြီး NUG လက်အောက်ခံ အညာဒေသ မြို့နယ် ပအဖ အဖွဲ့က ထုတ်လိုက်တဲ့ကြေညာချက် ပွဲဆူနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ပအဖ ကျောင်းမှအပ ဘယ်ကျောင်းမှာမှ ထားခွင့်မပြုဆိုတာ NUG ရဲ့ ပညာရေးမူဝါဒနဲ့ ကိုက်ညီပါရဲ့လား... - ၅ နှစ်တာပိတ်ထားခဲ့ရတဲ့ တကယ်မြေပြင်ရှိ ကျေးလက်ဒေသက စာသင်ကျောင်းတွေရဲ့ အခြေနေက ဘယ်လိုရှိသလဲ... - စာသင်ခန်းထဲမှာသင်မှ၊ ကျောင်းသွားတက်မှ ပညာတတ်တယ်ဆိုတဲ့အယူအဆကို ပယ်ဖျက်ဖို့လိုတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... - ဘယ်နေရာကိုပဲ ရောက်နေသည်ဖြစ်စေ စာသင်ရမယ့်အရွယ်ကလေးတိုင်း တနေရာရာမှာ စာသင်ခွင့်ရနေအောင် ဘယ်လိုဆောင်ရွက်ပေးကြမလဲ... ... စတဲ့အကြောင်းအရာတွေအပါဝင် လက်နက်ကိုင် ပတိပက္ခကြားရှိ ကျေးလက်ဒေသက ကလေးငယ်တွေရဲ့ ပညာရေးကိစ္စ ဘယ်လိုဆောင်ရွက်ကြမလဲ... ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More