https://youtu.be/vSJrf06JGCs?si=q3IwFYinh_nTx_p7
“သူ့ကို ဝေဖန်ရင် ဘယ်သူမဆို ဖမ်းဆီးခံရနိုင်တယ်ဆိုတာကို ကိုမင်းဇင်ရဲ့ ဖြစ်စဉ်မှာ တရုတ်က ကိုယ်ထိလက်ရောက် ပြသလိုက်တာဖြစ်တယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၁၅ ဇွန် ၂၀၂၆) “သူ့ကိုဝေဖန်ရင် ဘယ်သူမဆို ဖမ်းဆီးခံရနိုင်တယ်ဆိုတာကို ကိုမင်းဇင်ရဲ့ ဖြစ်စဉ်မှာ တရုတ်က ကိုယ်ထိလက်ရောက် ပြသလိုက်တာဖြစ်တယ်၊ တရုတ်က အိမ်နီးချင်းကောင်း မပီသတာ၊ မြန်မာ့နိုင်ငံရေး အပေါ် ဝင်ရောက်စွက်ဖက်နေတယ်ဆိုတာ ISP- Myanmar ရဲ့ သုတေသနပြုချက်တွေမှာ ပေါ်လွင်နေတယ်၊ ဒါကို အညှိုးထားတာဖြစ်တယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ဒီနေ့ စတင်တဲ့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်၊ သူ့ ခရီးစဉ်မစခင် ရက်ပိုင်းအလိုမှာ သုတေသနပညာရှင် ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးလိုက်တာ... စတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က ဇတ်ညွှန်းရေးဆရာဆီ လူကြမ်းမင်းသားက အခစား ပြန်ဝင်ရတာမျီုးလား... - သုတေသနပညာရှင် ဦးမင်းဇင်ကို တရုတ်က ဘာကြောင့်ဖမ်းတာလဲ... - မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးမှုက ဘယ်လောက်တောင် ကြီးမားနေသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ကိုမင်းဇင် ဖမ်းဆီးခံရမှုအပေါ် အမြင်တွေကွဲနေတာ ဘာကြောင့်လဲ၊ မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကနေ ဒုတိယ ဇတ်ညွန်း အသစ် ပြန်ပါလာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)







0 comments:
Post a Comment