https://youtu.be/_fLjTr3Vcp0?si=oBWH08wuazgkQcPX
“နေပြည်တော်ကို အသိအမှတ်ပြုတာမျိုးမဟုတ်ပဲနဲ့ မြေပြင်မှာ အမှန်တကယ် ဘာတွေဖြစ်နေသလဲဆိုတာကို လေ့လာတာ” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)
(၁၃ ဇွန် ၂၀၂၆) “အာဆီယံဝန်ကြီးတွေရဲ့ ခရီးစဉ်က နေပြည်တော်ကို အသိအမှတ်ပြုတာမျိုးမဟုတ်ပဲနဲ့ မြေပြင်မှာ အမှန်တကယ် ဘာတွေဖြစ်နေသလဲ၊ အပြောင်းအလဲတွေက ဘယ်ကို ဦးတည်နေသလဲဆိုတာကို လာလေ့လာကြတဲ့သဘောဖြစ်တယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ဆီ ဆက်တိုက်ရောက်လာကြတာ ဘာကြောင့်လဲ၊ စစ်ကောင်စီကို အာဆီယံက အသိမှတ်ပြုချင်တဲ့ သဘောလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို ဆက်တိုက်လာနေတာ ဘာကြောင့်လဲ... - အာဆီယံ မူ နဲ့ အာဆီယံ အဖွဲ့ဝင် တနိုင်ငံချင်းရဲ့ မူ က မတူကြဘူးလား... - လွန်ခဲတဲ့ ၅ နှစ်တာအတွင်း မြန်မာ့အရေးအတွက် အာဆီယံက ဘာတွေဆောင်ရွက်နေခဲ့သလဲ... - အာဆီယံ ဝန်ကြီးတွေ တဖက်မှာ နေပြည်တော်ဆီ သွားလည်နေသလို အခြားတဖက်မှာလည်း တော်လှန်အင်အားစုတွေနဲ့ ဆွေးနွေးနေတာမျိုးရှိလား... ... စတဲ့ အကြောင်းအရာတွေအပါဝင် အာဆီယံအဖွဲ့က မြန်မာအတွက် ဆောင်ရွက်ပေးနေမှု အသေးစိပ်ကိစ္စတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ဖိလစ်ပိုင်ကပြောတဲ့ ERO တွေနဲ့တွေ့ဆုံရေး၊ မင်းအောင်လှိုင်ရဲ့ အိန္ဒိယ-တရုတ် ခရီးစဉ်တွေရဲ့ ရိုက်ခတ်မှုတွေအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်)







0 comments:
Post a Comment