Saturday, June 13, 2026

“တရုတ်ကပြောထားတဲ့ အချက် ၃ ချက်အတိုင်း မြန်မာစစ်တပ်က မသွေမတိမ်း လိုက်နာဆောင်ရွက်နေတာ တွေ့ရတယ်”

 https://youtu.be/0vtUFrE5bjs?si=PkeiPvXBYwiU2UnN

“တရုတ်ကပြောထားတဲ့ အချက် ၃ ချက်အတိုင်း မြန်မာစစ်တပ်က မသွေမတိမ်း လိုက်နာဆောင်ရွက်နေတာ တွေ့ရတယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)

(၁၄ ဇွန် ၂၀၂၆)

“တရုတ်ကပြောထားတဲ့ အချက် ၃ ချက်အတိုင်း မြန်မာစစ်တပ်က မသွေမတိမ်း လိုက်နာဆောင်ရွက်နေတာ တွေ့ရတယ်၊ SCEF ရဲ့ သံတမန်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်ပြီး တရုတ်အပါဝင် နိုင်ငံတကာကို စည်းရုံးဖို့လိုပါတယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ 

 အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် မနက်ဖန် (ဇွန်လ ၁၅ ရက်) တရုတ်နိုင်ငံဆီ သွားရောက်လည်ပတ်မယ့်ခရီးစဉ်အပါဝင် အိမ်နီးချင်းနိုင်ငံတွေက စစ်ကောင်စီဖက် ပိုယိမ်းလာနေတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ ဘယ်လို ကောင်တာ လုပ်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ 

 အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... 

 - မြန်မာ့အရေး ဦးစီးဆောင်ရွက်ချင်တဲ့ အာဆီယံ ၃ နိုင်ငံကို လုပ်ပိုင်ခွင့်ပေးလိုက်ရင် ဘာတွေထူးခြားလာနိုင်သလဲ... 

 - မင်းအောင်လှိုင် လိုက်နာဆောင်ရွက်ရမယ်လို့ တရုတ်အစိုးရက အမိန့်ပေးထားတဲ့ အချက် ၃ ချက်က ဘာတွေလဲ... 

 - SCEF ရဲ့ သံတမန်ရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုအရှိန်မြှင့်နိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More