Thursday, June 25, 2026

“ကလေး ၆ သန်းကျော် စာသင်ခန်းထဲ ပြန်ရောက်ရေးအတွက် အားလုံးက စဉ်းစားပေးဖို့လိုတယ်”

 https://youtu.be/CxlvX9Tu7Qc?si=fd50wRu9NTIodlzw

“ကလေး ၆ သန်းကျော် စာသင်ခန်းထဲ ပြန်ရောက်ရေးအတွက် အားလုံးက စဉ်းစားပေးဖို့လိုတယ်” - ဒေါက်တာရေချမ်း (ISP- Myanmar)

(၂၆ ဇွန် ၂၀၂၆) “၂၀၂၆ - ၂၇ ပညာသစ်နှစ်အတွက် ကလေး ၆ သန်းကျော် စာသင်ခန်းနဲ့ ဝေးသွားတယ်၊ ဒီကလေးတွေ စာသင်ခန်းထဲပြန်ရောက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေ အားလုံး ဝိုင်းစဉ်းစားပေးဖို့ လိုတယ်” လို့ ISP - Myanmar သုတေသနအဖွဲ့က ဒေါက်တာရေချမ်းက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ ISP - Myanmar သုတေသနပြုချက်အရ အခု ပညာသင်နှစ်အတွက် ကျောင်းနေအရွယ် ၆ သန်းကျော် စာသင်ခန်းနဲ့ဝေးသွားတယ်ဆိုတဲ့ တွေ့ရှိချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ကလေး ၆ သန်းကျော်အထိ စာသင်ခန်းနဲ့ ဝေးသွားတာ ဘာကြောင့်လဲ... - အတန်းဝင်ခွင့်စာမေးပွဲ (placement test) တွေက ပတိပက္ခဒေသကကျောင်းသားတွေ ကျောင်းဆက်တက်နိုင်ရေးကို တစုံတရာ အထောက်အကူပြုနိုင်သလား... - NUG, ERO ထိန်းချုပ်ဒေသ ပညာရေးအခြေနေက ဘယ်လိုရှိသလဲ... - ဟိုဖက်- ဒီဖက် မဟုတ်တဲ့ “ဘက” ကျောင်းတွေဖွင့်မယ်ဆိုရင် နှစ်ဖက်စလုံးက လက်ခံနိုင်သလား... - ကလေး ၆ သန်းကျော် စာသင်ခန်းထဲပြန်လာနိုင်ရေးအတွက် နိုင်ငံသားတဦးချင်းစီက ဘယ်လိုစဉ်းစားပြီး ဝိုင်းကူပေးနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More