https://youtu.be/CsuQpxmNAvU?si=Im1FL3LYDR-pLKoI
“စခန်းသိမ်းတိုက်ပွဲ၊ ကြားဖြတ်တိုက်ပွဲတွေကလည်း စစ်တပ်ကို အထိနာစေတာပါပဲ” - ဆလိုင်းယောအောင် (စစ်ဖက်ရေးရာ လေ့လာသုံးသပ်သူ)
(၂ ဇွန် ၂၀၂၆) “မြို့သိမ်းတိုက်ပွဲမှ မဟုတ်ဘူး၊ စခန်းသိမ်းတိုက်ပွဲ၊ ကြားဖြတ်တိုက်ပွဲတွေကလည်း စစ်တပ်ကိုအထိနာစေပြီး ရဲဘော်တွေနဲ့ လူထုကို စိတ်ခွန်အားဖြစ်စေပါတယ်။ ဒါကြောင့် ဒါတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့လိုတယ်” လို့ စစ်ဖက်ရေးရာ လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကျောက်လုံးကြီးစခန်းသိမ်းပွဲ၊ မင်းဘူး-အမ်း လမ်းပေါ်က ကြားဖြတ်တိုက်ပွဲ၊ သရက်ကန် ပျုစောထီးခစန်းသိမ်းပွဲ... စတဲ့ တိုက်ပွဲတွေရဲ့ ထူးခြားချက်အကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ကျောက်လုံးကြီးစခန်းသိမ်းပွဲက ဘယ်လိုအရေးပါသလဲ၊ ... နယ်စပ်စခန်းသိမ်းရေးနဲ့ အတွင်းပိုင်းအထိထိုးစစ်ဆင်ရေးကို ဘယ်လိုဟန်ချက်ညီဆောင်ရွက်သင့်သလဲ... - မင်းဘူး-အမ်း လမ်းပေါ်က ကြားဖြတ်တိုက်ပွဲ၊ သရက်ကန် ပျုစခန်းသိမ်းပွဲတွေက တော်လှန်ရေးကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ... - ချင်းတောင်ပိုင်းထိုးစစ်မှာ စစ်ကောင်စီတပ် ပြန်လန်ကျသွားရင် မင်းအောင်လှိုင်နဲ့ ရဲဝင်းဦး ဘာတွေဆက်ဖြစ်နိုင်သလဲ... - ရခိုင်တပြည်လုံး လွတ်မြောက်တော့မယ်လို့ AA ရဲ့ ကြေညာချက်က အခြား ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့တွေကို ဘယ်လိုတွန်းအားဖြစ်စေသလဲ... - အညာဒေသက တော်လှန်ရေးတပ်တွေ ညီညွတ်ရေးက NUG ရဲ့ COC ထက် ပိုအရေးကြီးတယ်လို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းအရာတွေအပါဝင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ရေးအရ ထူးခြားတိုးတက်မှုတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment