Monday, June 22, 2026

KNU, AA စခန်းသိမ်းတိုက်ပွဲဆင်နွဲ... အိန်ဒိယနဲ့ ထိုင်းနယ်စပ်မှာ တိုက်ပွဲဖြစ်...

 https://youtu.be/_pRo2jPpW4w?si=wgUswyuKvL0NbmfN

KNU, AA စခန်းသိမ်းတိုက်ပွဲဆင်နွဲ... အိန်ဒိယနဲ့ ထိုင်းနယ်စပ်မှာ တိုက်ပွဲဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၃ ဇွန် ၂၀၂၆)

- ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် (KNU အခေါ် ခလယ်လွီထူခရိုင်) မူးမြို့နယ်၊ ဒိုးဒိုကျေးရွာမှာ တပ်စွဲထားတဲ့ ခမလ ၄၃၉ စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုရှိပြီး လက်နက် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - ရေကြည်မြို့နယ်ရှိ စစ်ကောင်စီရဲ့ "၁၈၈ တောင်ကုန်းစခန်း” ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်... - ချောက်မြို့နယ်၊ လမ်းပိုင်းတနေရာမှာ ဆက်ကြေးကောက်၊ ပေါ်တာဆွဲဖို့ပြင်နေတဲ့ ဂွေးပင် ရဲစခန်းမှူးပါအဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စခန်းမှုးသေဆုံးပြီး နယ်ထိန်းက အပြင်းအထန် ဒဏ်ရာရ... - ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ မင်းလက်ပံနဲ့ ဖလူးဖက်မှာ တိုက်ပွဲတွေပြင်းထန်ပြီး လက်နက်ကြီးတွေ ထိုင်းနယ်မြေထဲ ကျရောက်လာတဲ့အတွက် သောင်းရင်းမြစ်တဖက်ကမ်းရှိ Ban Mae Kon Ken ရွာက ထိုင်းစာသင်ကျောင်းတကျောင်း ယာယီ ပိတ်ထားလိုက်ရ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More