Monday, June 29, 2026

“ရန်သူကို တိုက်ဖို့အတွက် လူထုအလှူငွေနဲ့တပ်ဆင်ပေးထားတဲ့ လက်နက်တွေဖြစ်တယ်၊ အချင်းချင်းတိုက်ဖို့အတွက်မဟုတ်ဘူး”

 https://youtu.be/WrW521AeAd0?si=u5OWFArsjQDCGhEw

“ရန်သူကို တိုက်ဖို့အတွက် လူထုအလှူငွေနဲ့တပ်ဆင်ပေးထားတဲ့ လက်နက်တွေဖြစ်တယ်၊ အချင်းချင်းတိုက်ဖို့အတွက်မဟုတ်ဘူး” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀ ဇွန် ၂၀၂၆) “နွေဦးတော်လှန်ရေး ရဲဘော်တွေ ကိုင်ဆောင်ထားတဲ့လက်နက်တွေဟာ ရန်သူကို တိုက်ဖို့အတွက် လူထုအလှူငွေနဲ့တပ်ဆင်ပေးထားတဲ့ လက်နက်တွေဖြစ်တယ်၊ အချင်းချင်းတိုက်ဖို့အတွက်မဟုတ်ဘူး၊ ဒါကို အထူးသတိထားသင့်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ အညာဒေသမှာဖြစ်ပေါ်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး NUG က ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ယင်းမာပင်ခရိုင်အစည်းဝေးအတွင်း တပ်ရင်းမှူး ပုလဲမောင် ဘယ်လို ပစ်ခတ်ခံခဲ့ရသလဲ... - လူထုက တပ်ဆင်ပေးထားတဲ့ လက်နက်တွေကို ကိုယ်ပိုင်လက်နက်တွေလို့များ အညာက တပ်မှူးအချို့ ထင်နေကြပြီလား... - ပစ်ခတ်မှုအတွက် တာဝန်ရှိသူ ခရိုင်ကွပ်ကဲရေးမှူး စွမ်းသူမောင်ကို NUG က ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာ ဘယ်လောက်သေချာလဲ... - အရင်ဖြစ်ခဲ့ဖူးတဲ့ ယင်းမာပင်ခရိုင်အတွင်း အချင်းချင်း သတ်ဖြတ်မှုတွေအတွက် NUG တရားရေးဌာနက ဘာတွေ ဆောင်ရွက်ခဲ့ပြီးပြီလဲ... - ဘာအသံမှမထွက်ပဲ စခန်းတခုပြီးတခုသိမ်းပြနေတဲ့ AA ကို NUG နဲ့ PDF တွေ ဘယ်လိုအတုယူသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More