https://youtu.be/S2boTO9lKhk?si=EKJLx6nfhx4rZwOc
“ရက် ၁၀၀ စီမံကိန်း ထိုးစစ်ကို စစ်ဦးကျိုးအောင် ရိုက်ချိုးဖို့လိုပါတယ်” - CDM ဗိုလ်ကြီးလင်းထက်အောင် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)
(၉ ဇွန် ၂၀၂၆) “စစ်တပ်ရဲ့ ရက် ၁၀၀ စီမံကိန်း ထိုးစစ်ကို စစ်ဦးကျိုးအောင် ရိုက်ချိုးဖို့လိုပါတယ်၊ CPU/CPA အပြင် အဖွဲ့အားလုံး ပူးပေါင်းပြီး စစ်တပ် ပြန်လန်ကျသွားအောင် ဆောင်ရွက်ဖို့လိုတယ်” လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ ကျောက်ဖြူဖက်က တိုက်ပွဲအခြေနေ၊ ချင်းတောင်ပိုင်းက တိုက်ပွဲခြေအနေအပါဝင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထူးခြားတဲ့ စစ်ရေးအခြေနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ကုက္ကူစု ပျုစခန်းသိမ်းပွဲက အညာဒေသအတွက် ဘာကြောင့် အရေးပါသလဲ... - မကွေးနဲ့ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာ ဗိုလ်မှူးတွေသေဆုံး၊ လက်ရဖမ်းမိဖြစ်မှု ပိုများလာတာ ဘာကြောင့်လဲ... - AA က တောင်မော်ဦး ရေတပ်စခန်းကို တကယ်သိမ်းမှာလား - စစ်မျက်နှာ ၅ ခုစလုံး တပြိုင်တည်း စစ်ရှိန်မြှင့်မှာလား... - ချင်းတောင်ပိုင်း ထိုးစစ်ကို တော်လှန်ရေးအဖွဲ့တွေက နောက်ထပ် ရက် ၅၀ လောက် ထပ်ပြီး တောင့်ခံထားနိုင်ရင် ကာချုပ်သစ်နဲ့ သမ္မတသစ် ဘာတွေဖြစ်သွားနိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေအပါဝင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment