https://youtu.be/5x25fu0IjQo?si=Pavcz391eQTQqoHr
“NCA အတွေ့အကြုံရှိပြီးသား ERO တွေက တရုတ်ဖိအားကြောင့်ဖြစ်လာနိုင်တဲ့ ဆွေးနွေးပွဲကို စိတ်ဝင်စားပါ့မလား” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၁၆ ဇွန် ၂၀၂၆) “ဦးသိန်းစိန်လက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွေမှာ NCA အတွေ့အကြုံရှိပြီးသား ERO တွေက တရုတ်ဖိအားကြောင့်ဖြစ်လာနိုင်တဲ့ ဆွေးနွေးပွဲကို စိတ်ဝင်စားပါ့မလား၊ တရုတ်ကတွန်းပို့တဲ့လမ်းအတိုင်း အားလုံးက လိုက်ပါနိုင်ပါ့မလား” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က မေးခွန်းထုတ်ပါတယ်။ မင်းအောင်လှိုင် ပီကင်းကပြန်လာတဲ့အခါ တရုတ်ဇတ်ညွှန်းဒုတိယပိုင်းအရ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်လာမယ်ဆိုရင် ERO တွေ၊ PDF တွေဖက်က လက်ခံနိုင်ခြေရှိရဲ့လား၊ လက်မခံနိုင်ရင် ဘာတွေပြင်ထားဖို့လိုအပ်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - တရုတ်ကို ဖေဝန်သူအားလုံးကို တရုတ်အစိုးရက စောင့်ကြည့်နေပြီလား... - ဗဟုဝါဒနဲ့ မတူကွဲပြားတဲ့အမြင်တွေကို လက်ခံနိုင်ဖို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘာတွေ အားနည်းနေသလဲ... - မင်းအောင်လှိုင် ပီကင်းကပြန်လာရင် တရုတ်ဇတ်ညွှန်း ဒုတိယပိုင်းကို လက်တွေ အကောင်ထည်ဖေါ်မှာလား... - NCA အတွေ့အကြုံရှိပြီးသား ERO တွေက ဆွေးနွေးပွဲ ဓာတ်ပြားဟောင်းကို ပြန်နားထောင်ချင်ပါ့မလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်







0 comments:
Post a Comment