Wednesday, October 13, 2021

MMS Part 2


“လက်နက်ကိုင်တိုက်ပွဲ အရှိန်မြင့်လာမှုကို ဘယ်သူကမှ တားနိုင်မယ် မထင်ဘူး” ------------------------------------------- (၆/၉ /၂၀၂၁) စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်လို့ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်မှုကို ဘယ်သူကမှ တားဆီးနိုင်မယ်မထင်ဘူးလို့ လက်နက်ကိုင်တပ်ဖွဲ့များအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်းသူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့... နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ PDF တပ်တွေကြား ပူးတွဲ တိုက်ပွဲဝင်နိုင်မှု အားနည်းနေတာ ဘာကြောင့်လဲ၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် NCA စာချုပ်က အခုထိ ရှိနေဆဲလား၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ အရင် ဘယ်တုန်းကနဲ့မှမတူအောင် ထူးခြားနေတယ်ဆိုတာ ဘယ်အချက်တွေကို ပြောတာလဲ၊ မြန်မာနိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်က ဘာဖြစ်မလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More