Monday, October 4, 2021

Interview with GS of WLB- Part 1


“GZ တွေကြားမှာ ကျား-မ ခွဲခြားမှုမရှိတော့ပေမယ့် အရင်မျိုးဆက်တွေကြားမှာ ရှိနေဆဲပါ”
----------------------------------------------
(၄/၁၀/၂၀၂၁)

တော်လှန်ရေးမျိုးဆက်သစ် GZ တွေကြားမှာ ကျား-မ ခွဲခြားမှုမရှိတော့ပဲ အမျိုးသမီး ဦးဆောင်မှုကိုလက်ခံလာပေမယ့် အရင်မျိုးဆက်တွေကြားမှာတော့ ခွဲခြားမှုရှိနေဆဲဖြစ်ပြီး အမျိုးသမီးဦးဆောင်မှုကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၈ လတာကာလ ဦးဆောင်မှုအခန်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့  မေးမြန်းခန်းအတွင်း သူမက အဲဒီလိုဖြေဆိုခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... နွေဦးတော်လှန်ရေးမှာ အမျိုးသမီးပါဝင်မှုနှုန်း တိုးလာတာ ဘာကြောင့်လဲ၊ ဦးဆောင်မှုအခန်းမှာ အမျိုးသမီးဦးရေ နည်းနေဆဲလား၊ တပ်ပေါင်းစု NUCC မှာ အားလုံးပါဝင်ခွင့်ရမှာလား၊ GZ တွေအပေါ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အားပေးမှုက ဘာကြောင့် အရှိန်မကောင်းသေးတာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ရှေ့အလားအလာနဲ့ အမျိုးသမီးတွေပါဝင်တဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအကြောင်း ဆွေးနွေးချက်ပါဝင်မယ့် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More