Wednesday, October 13, 2021

Interview with Chairman of DPNS- part 2


“လက်နက်ကိုင်အင်အားစုတွေ ညီညွတ်ရင် စစ်အုပ်စုကို နောက်ဆုတ်သွားအောင် တွန်းလို့ရတယ်” ---------------------------------------------- (၂၁/၉/၂၀၂၁) နယ်စပ်ဒေသရှိ လက်နက်ကိုင်အင်အားစုတွေအားလုံး ညီညီညာညာနဲ့ အတူတကွ အလုပ်လုပ်နိုင်ကြမယ်ဆိုရင် စစ်ကောင်စီကို နောက်ပြန်ကျသွားအောင် တွန်းလှန်နိုင်မှာ ဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၈ လနီးပါးကြာ အခြေအနေနဲ့ပတ်သက်လို့ BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ လူထုဆန္ဒပြပွဲတွေကို အမီလိုက်နိုင်ဖို့ အသဲအသန်ကြိုးစားခဲ့ရသလို အခုလူထုလက်နက်ကိုင်တော်လှန်ရေးမှာလည်း အဲဒီလို ကြုံနေရဆဲလား၊ တရုတ် အစိုးရရဲ့ လက်ရှိရပ်တည်ချက်က သံတမန်ဆက်ဆံရေးမှာ အတော်ထူးခြားနေသလား၊ စစ်တပ်က ဆွေးနွေးရေး စကားဝိုင်းဆီ တက်လာဖို့ရှိသေးလား၊ NLD အပြင် အခြားအင်အားစုတွေအားလုံး တော်လှန်ရေးမှာပါဝင်နိုင်ဖို့အတွက် တပ်ပေါင်းစုမူ က ဘယ်လိုရှိသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More