Sunday, October 10, 2021

Interview with Wai Wai Nu- Part 1


“NUG ရဲ့ ရိုဟင်ဂျာ ပေါ်လစီ ကြေညာချက်ဟာ အရမ်းကောင်းမွန်တဲ့ ခြေလှမ်းဖြစ်ပါတယ်”
(မဝေဝေနု- Women’s Peace Network in Myanmar)
----------------------------------------------
(၁၀/၁၀/၂၀၂၁)

တကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ရိုဟင်ဂျာပြသာနာကို အလေးထားကိုင်တွယ်ဖြေရှင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက မူဝါဒကြေညာချက် ထုတ်ပြန်လာတဲ့အပေါ် ဝမ်းမြောက်စွာကြိုဆိုထောက်ခံတယ်လို့ ရိုဟင်ဂျာအရေးအပါဝင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူ မဝေေ၀နုကပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၈ လအကြာ နိုင်ငံရေးအခြေအနေ၊ လူနည်းစု ရိုဟင်ဂျာတွေရဲ့ အခြေအနေ၊ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ ပါဝင်ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်ကမေးမြန်းစဉ် သူမက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... အခုလ အစောပိုင်းက ချီးမြှင့်ခံရတဲ့  အေသင်မြို့တော်ရဲ့ ဒီမိုကရေစီဆုအကြောင်း၊ မြန်မာ နိုင်ငံမှာကော ရိုဟင်ဂျာတွေရဲ့ ရုန်းကန်လှုပ်ရှားမှုအပေါ် အသိအမှတ်ပြုလာပြီလား၊ အာဏာသိမ်း စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ဘယ်လိုသဘောထားသလဲ၊ CRPH, NUG တို့က ရိုဟင်ဂျာတွေရဲ့ ရုန်းကန်လှုပ်ရှားမှုကို အသိအမှတ်ပြုလာပြီလား... စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သာမန်ပြည်သူတွေကြားမှာကော ရိုဟင်ဂျာတွေအပေါ် စာနာ နားလည်မှုရှိလာနေပြီလား၊ နွေဦးတော်လှန်ရေးကိုဦးဆောင်နေတဲ့ GZ တွေကြားမှာ ဘာမှ ခွဲခြားဆက်ဆံ မှုမရှိတော့ဘူးလား...စတဲ့ အကြောင်းအရာတွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။
 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More