Wednesday, October 13, 2021

ABIA part 1


Interview with ABIA (All Burma Independent Army). ABIA စစ်ဦးစီးချုပ်နှင့် မေးမြန်းချက် (၁) --------------------------------------------- (၂၃/၈/၂၀၂၁) ကျောင်းသားလူငယ်တွေ ငြိမ်းချမ်းစွာဆန္ဒပြနေတာကို စကစ က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာကြောင့် လူငယ်တွေမှာ ရွေးစရာလမ်းမရှိတော့ပဲ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာရတာဖြစ်တယ်လို့ ABIA -ဗမာ့လွတ်လပ်ရေးတပ်မတော်- စစ်ဦးစီးချုပ် ကိုအောင်ကျော်က ပြောပါတယ်။ Burma News Network (BNN) သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်း သူက အဲဒီလိုဖြေကြားခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ဆန္ဒပြပွဲတွေ ဖြိုခွင်းခံရပြီးနောက်ပိုင်း မြို့ပြ ပြောက်ကျားတိုက်ပွဲဝင်နေသူတွေဖေါ်ဆောင်ရင်းနဲ့ တိုင်းဒေသကြီး ၇ ခုမှာ ABIA စတင်ပေါ်ပေါက်လာပုံ၊ PDF တပ်တွေနဲ့ PDF မဖွဲ့ခင်ကတည်းက ရှိနေတဲ့ အခြားတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အားပေးကူညီမှုအနေအထား၊ စစ်သင်တန်းတွေရဲ့အခက်အခဲနဲ့ GZ တွေရဲ့ မျှော်လင့်ချက်အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More